ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ၂၀၂၀ (World Sight Day)

👉သင်မျက်စိပုံမှန်စစ်ဆေးဖြစ်ရဲ့လား။ သင်ချစ်ခင်ရတဲ့ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေကိုရော အသက်အရွယ်မရွေး မျက်စိစစ်ဆေးဖို့အကြံပေးဖြစ်ရဲ့လား။

📌ယနေ့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့ ကြာသပတေးနေ့ဟာ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day) ဖြစ်ပါတယ်။

👀ကမ္ဘာနှင့်အဝှမ်း လူဦးရေ ၇.၈ ဘီလီယံရှိတဲ့အထဲမှာ တစ်ဘီလီယံဟာ အမြင်အာရုံထိခိုက်မှုတွေခံစားနေရပါတယ်။ နောက်ပြီး အဲ့ဒီ အမြင်အာရုံထိခိုက်မှုတွေရဲ့ ၇၅ % ခန့်ဟာ ကာကွယ်လို့ရနိုင်ပါတယ်။ ၇၅ % သောသူတွေသာ မျက်စိအထူးကုဆရာဝန်များထံအချိန်မီ ကုသမှုခံယူနိုင်ရင် အမြင်အာရုံဆုံးရှုံးမှုများကိုအများကြီးလျော့ချပေးနိုင်မှာဖြစ်ပါတယ်။

👉ဒါ့ကြောင့် ယခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ရဲ့ဆောင်ပုဒ်က “Hope in Sight” ဖြစ်ပါတယ်။ 👉အတွင်းတိမ်၊ ရေတိမ်၊ မျက်ကြည်နာ တို့အပြင် ဆီးချိုသွေးချိုရောဂါရဲ့နောက်ဆက်တွဲဖြစ်တဲ့ အမြင်ဆုံးရှုံးမှုစတဲ့ ရောဂါတွေကလည်းလူတိုင်းကအမြင်အာရုံထိခိုက်ဆုံးရှုံးမှုများကို အများဆုံးဖြစ်စေတဲ့အတွက် သတိပြုဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဖုန်းနှင့် ကွန်ပြူတာအသုံးများလာခြင်းကြောင့်လည်း မျက်စိထိခိုက်မှုတွေပိုမိုဖြစ်ပွားနေပါတယ်။

🧑‍🦯အမြင်အာရုံထိခိုက်ပျက်စီးမှုဟာ မိမိတစ်ဦးတည်းနှင့်သာသက်ဆိုင်တာမဟုတ်ပဲ မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းနှင့်လည်းသက်ဆိုင်တဲ့အတွက် လူတိုင်းအမြင်အာရုံစမ်းသပ်စစ်ဆေးဖို့လိုအပ်ပါတယ်။

💓ယနေ့ကျရောက်တဲ့ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day) မှာ မြန်မာပြည်သူပြည်သားများအားလုံး အမြင်အာရုံထိခိုက်ဆုံးရှုံးခြင်းအန္တရာယ်မှ ကင်းဝေးကြပါစေလို့ OpticaAZ (ကြည်လင်သောအမြင်အာရုံနဲ့ မျက်စိဝေဒနာတွေကင်းဝေးတဲ့နေ့ရက်တိုင်းအတွက်) မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

OpticaAZ ကြည်လင်သောအမြင်အာရုံနဲ့ မျက်စိဝေဒနာတွေကင်းဝေးတဲ့နေ့ရက်တိုင်းအတွက်