📌ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာနိုင်သောလက္ခဏာများ
💉ကာကွယ်ဆေးထိုးခြင်းဆိုသည်မှာ 🦠ရောဂါပိုးကူးစက်ခံရပါက ခန္ဓာကိုယ်မှ အလိုအလျောက်တိုက်ထုတ်ပေးနိုင်မည့် 🧬Antibodies များအဆင်သင့်ရှိနေစေရန် လူကိုအန္တရာယ်မဖြစ်စေနိုင်အောင် စီမံထားသော ရောဂါပိုးကိုထိုးသွင်းခြင်းဖြင့် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးခြင်းဖြစ်ပါတယ်။
💉ထိုသို့ ကာကွယ်ဆေးထိုးရာတွင် ဖြစ်ပေါ်လာသောဇီဝကမ္မဖြစ်စဉ်များကြောင့် မပြင်းထန်သောလက္ခဏာများလဲ ပေါ်ပေါက်လာနိုင်ပါတယ်။ ထို လက္ခဏာများမှာတစ်ဦးနဲ့တစ်ဦး အနည်းနဲ့အများကွဲပြားနိုင်ပါတယ်။
ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများမှာ
👉🏻ဆေးထိိုးသောနေရာ၌
-နာကျင်ခြင်း၊ ယောင်ရမ်းခြင်း၊ နီရဲခြင်း
👉🏻ခန္ဓာကိုယ်တွင်မူ
-ချမ်းတုန်ဖျားခြင်း
-ခေါင်းကိုက်ခြင်း
-ကြွက်သားများနာကျင်ကိုက်ခဲခြင်း
-ပင်ပန်းနွမ်းနယ်ခြင်း
-ပျို့အန်ခြင်း အစရှိသည်များ ဖြစ်ပေါ်တတ်ပါတယ်။
ထိုလက္ခဏာများပေါ်ပေါက်လာပါက စိုးရိမ်မှုမလွန်ကဲဘဲ
✅နာကျင်နေသောနေရာကို ရေအေးဝတ်ဖြင့်ကပ်ထားပေးပါ
✅အဖျားကျသည့်အချိန်ထိ သီးသန့်ခွဲနေပေးပါ၊ ပေါ့ပေါ့ပါးပါးအဝတ်များဝတ်ဆင်ပေးပါ၊ ရေများများသောက်ပေးပါ
✅ကိုက်ခဲနာကျင်မှုများအတွက် Paracetamol, Ibuprofen အစရှိတဲ့ အကိုက်အခဲပျောက်ဆေးများကို ၆ နာရီခြား တစ်ကြိမ်သောက်ပေးပါ (‼️ကိုက်ခဲနာကျင်မှုများကိုကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးမှီ ကြိုသောက်ထားခြင်းများ မပြုလုပ်ရပါ)
✅ကောင်းမွန်စွာအနားယူပေးခြင်းဖြင့် ရက်ပိုင်းအတွင်း၌ပြန်လည်သက်သာကောင်းမွန်လာစေမှာဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ
💢၄၈ နာရီတိုင်အောင် အဖျားမကျခြင်း
💢အသက်ရှူရန်ခက်ခဲခြင်း၊ မောခြင်း
💢ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း
💢မျက်နှာတစ်ခုလုံး ဖောရောင်လာခြင်း
💢ခန္ဓာကိုယ်အနှံ့ အင်ပြင်များထွက်လာခြင်း အစရှိသည်များဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးစောင့်ရှောက်သူများထံ အမြန်သွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။
💉ကိုဗစ်ကာကွယ်ဆေးများသည် များသောအားဖြင့် (၂)ကြိမ်ထိုးရမည်ဖြစ်ပြီး ဒုတိယအကြိမ်ထိုးသည့်အခါ ဖြစ်ပေါ်တတ်သောလက္ခဏာများသည် ပထမတစ်ကြိမ်ထက် ပိုမိုပြင်းထန်တတ်ကြောင်းလဲဖော်ပြထားပါတယ်။ သို့သော် ထိုပြင်းထန်မှုများမှာ ပုံမှန်ဇီဝကမ္မဖြစ်စဉ်များသာဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်လည်သက်သာသွားမည်ဖြစ်၍ စိုးရိမ်ပူပန်ရန်မလိုကြောင်းလဲ ဖော်ပြထားပါတယ်။
💉ကိုဗစ်ကာကွယ်ဆေးထိုးသည့်အခါတွင်လည်း ဓာတ်မတည့်သော အရေးပေါ်လက္ခဏာများပေါ်ပေါက်လာပါက ချက်ချင်းကုသမှုခံယူနိုင်ရန်အတွက် ကာကွယ်ဆေးထိုးပြီးပြီးချင်းတိုင်းမှာ သတ်မှတ်ထားသောနေရာ၌ (၁၅) မိနစ် မှ မိနစ် (၃၀) ခန့် ခေတ္တနားနေစောင့်ကြည့်ဖို့လဲ အရေးကြီးပါတယ်။
👉Covid ကာကွယ်ဆေးနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပြီး Zifam ကုမ္ပဏီမှ ယခုလိုတင်ဆက်ပေးထားခြင်းဖြစ်ပါသည်။
📌Ref:
Anon., 2021. Centers for Disease Control and Prevention. [Online]
Available at: https://www.cdc.gov/…/2019-ncov/vaccines/expect/after.html
[Accessed 30 July 2021].
Anon., 2021. World Health Organization. [Online]
Available at: https://www.who.int/…/side-effects-of-covid-19-vaccines…
[Accessed 1 August 2021].
#COVID19 #vaccine
#homecare #symptoms
#Zifam #CaringforWellbeing