နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ပြန်လာမည့် မြန်မာနိုင်ငံသူ/နိုင်ငံသားများကိုလှိုက်လှဲစွာကြိုဆိုအပ်ပါတယ်
နိုင်ငံအသီးသီးမှမြန်မာနိုင်ငံသို့ပြန်လာမည့်သူများအနေဖြင့်လည်း ကမ္ဘာနှင့်အဝှမ်းကူးစက်ပျံ့ပွားနေသော COVID19 ရောဂါကပ်ဆိုးကြီး မြန်မာနိုင်ငံတွင်ပိုမိုကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသတ်မှတ်ထားသော လူထုအခြေပြု ကုသစောင့်ရှောက်မှုပေးခြင်း (Community-based Facility Quarantine)ကာလ (၂၁)ရက် နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း (Home Quarantine)ကာလ (၇) ရက်၊ စုစုပေါင်း (၂၈)ရက်ကို မပျက်မကွက်လိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းအပ်ပါတယ်။
မြန်မာနိုင်ငံသို့ပြန်လာတဲ့ မြန်မာနိုင်ငံသူ/နိုင်ငံသားများအားလုံး ကျန်းမာရေးကောင်းမွန်ကြပြီး မိမိချစ်ရသောမိသားစုနှင့်ပျော်ပျော်ရွှင်ရွှင်ပြန်လည်ဆုံတွေ့နိုင်ကြဖို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်။