ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့အထိမ်းအမှတ် လူထုကျန်းမာရေးအသိပညာပေးဟောပြောပွဲ

📌 ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့အထိမ်းအမှတ် လူထုကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ၁၇.၃.၂၀၁၉ ရက်နေ့ (တနင်္ဂနွေနေ့) တွင် မြန်မာနိုင်ငံဆီးနှင့် ကျောက်ကပ်ဆေးပညာရှင်အဖွဲ့မှ ကြီးမှူးပြီး ရန်ကုန်မြို့ရှိ ကုတင်(၅၀၀) အထူးကုဆေးရုံကြီးတွင် မနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအထိ ကျင်းပခဲ့ပါတယ်။

📌 အဆိုပါပွဲတွင် Prof. Myo Lwin Nyein (Internal Medicine) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Prof. Khin Maung Htay မှ “ Why a World Kidney Day” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Prof. Khin Maung Maung Than မှ “CKD Management” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Prof. Khin Thida Thwin (Vice President of Myanmar Nephro-Uro Society) မှ “CKD Risk Factor and Prevention” ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီးပြောကြားဆွေးနွေးခဲ့ကြပါတယ်။

📌 ပွဲကိုတက်ရောက်လာသူများကို ကျောက်ကပ်ရောဂါနှင့်ဆိုင်သော ကျန်းမာရေးစစ်ဆေးပေးခြင်းများကို အခမဲ့ ပြုလုပ်ခဲ့ပါတယ်။

📌 အဆိုပါပွဲတွင် #Zifam Company မှ Media Sponsor အဖြစ်ပါဝင်ကူညီပံ့ပိုးခဲ့ပါတယ်။