ကမ္ဘာ့သည်းခြေလမ်းကြောင်းကင်ဆာနေ့အထိမ်းအမှတ်ဟောပြောပွဲ (၂၀၂၀)

ကမ္ဘာ့သည်းခြေလမ်းကြောင်းကင်ဆာနေ့အထိမ်းအမှတ်ဟောပြောပွဲ

   ယနေ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ကုတင်(၅၀၀) အထူးကုဆေးရုံကြီး၊ အသည်းနှင့်သည်းခြေလမ်းကြောင်းခွဲစိတ်ကုပညာဌာနမှ ကြီးမှူးပြီး Zifam ကုမ္ပဏီမှအဓိကကူညီပံ့ပိုးပေးထားသည့် ကမ္ဘာ့သည်းခြေလမ်းကြောင်းကင်ဆာနေ့အထိမ်းအမှတ်ဟောပြောပွဲကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

 

   အဆိုပါပွဲတွင် ကုတင်(၅၀၀) အထူးကုဆေးရုံကြီး၊အသည်းနှင့်သည်းခြေလမ်းကြောင်းခွဲစိတ်ကုပညာဌာနမှ (ပါမောက္ခ / ဌာနမှူး) ပါမောက္ခတင်တင်မာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တွဲဖက်ပါမောက္ခဒေါက်တာစောမားလ်းဒိုသိန်းမှ ကမ္ဘာ့သည်းခြေလမ်းကြောင်းကင်ဆာနေ့အကြောင်းသိကောင်းစရာ ကိုလည်းကောင်း၊ ဒေါက်တာပြည့်ပပကျော်မှ သည်းခြေလမ်းကြောင်းကင်ဆာအကြောင်းသိကောင်းစရာ၊ ဒေါက်တာဝင်းထွဋ်မှ အသည်းသန်ကောင်အကြောင်းသိကောင်းစရာ ၊ ဒေါက်တာစိုင်းဆိုင်ဝမ်ခမ်းမှ အသည်းသန်ကောင်နှင့် အစားအစာဆက်စပ်ပုံရှောင်ရန်ဆောင်ရန်များ အကြောင်းကိုလည်းကောင်း၊ ဒေါက်တာတင်မျိုးသက်မှ အသည်းသန်ကောင်ရောဂါနှင့် သည်းခြေလမ်းကြောင်းကင်ဆာ ကုသပုံနှင့်ကာကွယ်ရန်နည်းလမ်းများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပါသည်။ 

 

ထို့အပြင်ပွဲကိုတက်ရောက်လာကြသူများမှ သည်းခြေလမ်းကြောင်းကင်ဆာနှင့်ပတ်သက်ပြီး မိမိတို့သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းခဲ့ကြပါသည်။