ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ထိုးရာတွင် တစ်ကြိမ်နဲ့တစ်ကြိမ် ဆေးအမျိုးအစားမတူတာထိုးလို့ရပါသလား?
ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ထိုးရာမှာ ပထမတစ်ကြိမ်နှင့် ဒုတိယအကြိမ် မတူတဲ့ဆေးထိုးမိတဲ့အတွက် ကာကွယ်ဆေး၏အာနိသင်အပေါ် အကျိုးသက်ရောက်မှုများကို သိပ္ပံနည်းကျခိုင်မာသော ရှာဖွေတွေ့ရှိချက်များအား ယခုအချိန်တွင်မရရှိနိုင်သေးပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတော့ ဆေးအမျိုးအစားတူတာကိုပဲ (၂)ကြိမ်စလုံးထိုးဖို့ အကြံပေးထားပါတယ်။
အကယ်၍ မတူတဲ့ဆေးအမျိုးအစား (၂)ခုကို မတော်တဆထိုးမိခဲ့ရင်လည်း အရင်ထိုးတဲ့ဆေးဖြစ်ဖြစ်၊ နောက်မှထိုးတဲ့ဆေးဖြစ်ဖြစ် နောက်ထပ်တစ်ကြိမ်ထပ်မံ ဖြည့်စွက်ထိုးဖို့ မလိုအပ်ကြောင်းလဲ အကြံပေးထားတာ တွေ့ရှိရပါတယ်။
နောက်ထပ်လေ့လာတွေ့ရှိချက်အသစ်များ ထပ်မံထွက်ပေါ်လာပါကလဲ ဆက်လက်တင်ပြပေးသွားပါမယ်။
Covid ကာကွယ်ဆေးနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပြီး Zifam ကုမ္ပဏီမှ ယခုလိုတင်ဆက်ပေးထားခြင်းဖြစ်ပါသည်။
Ref: COVID-19 FAQ by World Heath Organization (Sri Lanka) Updated on January 29, 2021