ကျန်းမာပြီးစိတ်ပင်ပန်းမှုတွေလျော့ကျစေဖို့ အိမ်မှာနေရင်းလေ့ကျင့်ခန်းလုပ်ကြပါစို့


အခုလိုအချိန်မှာ COVID-19 ရောဂါဆိုးမှကာကွယ်နိုင်ဖို့ တတ်နိုင်သလောက်အပြင်မထွက်ဘဲ အိမ်မှာနေရင်းအကျိုးရှိနိုင်မယ့်နည်းလမ်းကောင်းလေးတစ်ခုဝေမျှပေးချင်ပါတယ်။ အဲ့ဒါကတော့ လေ့ကျင့်ခန်းလုပ်ပေးခြင်းပဲဖြစ်ပါတယ်။

အိမ်မှာနေရင်းနဲ့လဲ Internet/ Youtube တို့ကြည့်ပြီး Yoga, Zumba အကများ ကစားခြင်း၊ အိမ်ထဲခြံထဲတွင် လမ်းလျှောက်ခြင်း၊ ကြိုးခုန်ခြင်း၊ ဒိုက်ထိုခြင်း အစရှိတဲ့အားကစားနည်းလမ်းများကို လုပ်ပေးလို့ရပါတယ်။ အဲ့လိုလုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်မှ Endorphins ဟော်မုန်းများထွက်လာစေပြီး စိုးရိမ်ပူပန်မှု၊ စိတ်ပင်ပန်းမှုတွေလျော့ကျစေတဲ့အပြင် ကျန်းမာသန်စွမ်းစေပြီး ညဖက်အိပ်မပျော်တဲ့ဝေဒနာတွေကိုလဲသက်သာပျောက်ကင်းစေနိုင်ပါတယ်။

လေ့ကျင့်ခန်း၊ အားကစားပုံမှန်လုပ်ပေးခြင်းဖြင့်ရရှိနိုင်မယ့် တစ်ခြားအကျိုးကျေးဇူးတွေကတော့-
နှလုံးကြွက်သားများသန်မာစေခြင်း
သက်လုံကောင်းခြင်း
အရိုးနှင့်ကြွက်သားများဖွဲ့စည်းပုံကောင်းမွန်စေခြင်း
အဆီများ​လျော့ကျစေခြင်း
မိမိကိုယ်ကို ယုံကြည်မှုမြင့်တက်စေခြင်းတို့ပဲဖြစ်ပါတယ်။

ဒါကြောင့် Zifam Myanmar Facebook fans များအနေနဲ့လဲ မိမိတို့အိမ်မှာနေရင်း ဘယ်လိုလေ့ကျင့်ခန်း၊ အားကစားနည်းလမ်းတွေလုပ်ဖြစ်နေလဲဆိုတာကို Zifam Myanmar Facebook Page ရဲ့ ​Comment Box မှာ Photo (သို့) Video များဖြင့် #Challenge လို့ရေးပြီး မိမိသူငယ်ချင်းမိတ်ဆွေများကို Mention လုပ်၍ ဒီ Challenge မှာအတူတကွပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါ။

https://www.facebook.com/zifammyanmar/