တတိယအကြိမ်မြောက် Zifam Facebook Fan များစုပေါင်းသွေးလှူပွဲ
📌၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင်ကျရောက်ခဲ့သော ကမ္ဘ့ာသွေးလှူရှင်များ နေ့ “World Blood Donor Day” အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် Zifam Facebook Fan များစုပေါင်းသွေးလှူပွဲကို ၂၀၂၀ ခုနှစ် ဇွန်လ (၂၈) ရက်(တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ အမျိုးသားသွေးဌာနနှင့် ဗိုလ်ချုပ်လမ်းရှိသူနာပြုတက္ကသိုလ် (ရန်ကုန်) တွင်ပြုလုပ်ခဲ့ပါသည်။
📌 COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံ၌သွေးအလှူရှင်များနည်းပါး လျက်ရှိပြီး သွေးလိုအပ်ချက်မြင့်တက်နေသောအချိန်ကာလအတွင်း Zifam Facebook Fan များစုပေါင်းသွေးလှူပွဲတွင် ကာလဒါနပါဝင်လှူဒါန်းခဲ့ကြသော Fan များကို ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး အနာရောဂါ ကင်းရှင်းကြပါစေလို့ Zifam Company မှလေးလေးနက်နက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
📌 အဆိုပါသွေးလှူပွဲတွင် ပါဝင်လှူဒါန်းခဲ့ကြသည့် Zifam Facebook Fan များအားလုံး၊ သွေးလှူဒါန်းသူများအဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက် ပေးပါသော အမျိုးသားသွေးဌာနမှဝန်ထမ်းများနှင့် ပါဝင်ကူညီခဲ့ကြသူများ အားလုံးကို Zifam Company မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။