နေမကောင်းဖြစ်ခဲ့လျှင်

👇နေမကောင်းဖြစ်ခဲ့လျှင်…

📌နေမကောင်းဖြစ်ခဲ့ရင်
👉အင်္ကျီအထူကြီးဝတ်ပြီး အခန်းအောင်းနေရမယ်၊
👉အစာအမာတွေမစားရဘဲ ဆန်ပြုတ်ကဲ့သို့ ပျော့တဲ့အစားအစာတွေဘဲစားရမယ်၊
👉ရေလုံးဝမချိုးရဘူးစတဲ့ အယူအဆတွေကို လူအများစုကျင့်သုံးလေ့ရှိကြပါတယ်…

🤔အဲအယူအဆတွေကရော အကုန်မှန်နေလား…

📌နေမကောင်းဖြစ်ခဲ့လို့ အင်္ကျီအထူကြီးဝတ်ကာ အခန်းအောင်းပြီးနေမယ်ဆိုပါက ချွေးထွက်လွန်ပြီး အအေးပြန်ပက်စေနိုင်ပါတယ်။ ဒါ့အပြင် အခန်းအောင်းနေရတဲ့အတွက် ထိုင်းမှိုင်းပြီး မအီမသာဖြစ်စေနိုင်ပါတယ်…

👕ဒါကြောင့် နေမကောင်းဖြစ်ပါက ချည်သားကဲ့သို့သော ပါးပြီးအေးမြတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အခန်းတွေကိုလည်း လေဝင်လေထွက်ကောင်းမွန်အောင် ပြတင်းပေါက်တံခါးများကို သေသေချာချာဖွင့်ထားပေးရပါမယ်…

🍛နေမကောင်းဖြစ်ပြီဆိုရင် လက်ရှိခံစားနေရသော အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဝေဒနာရှင်မှအပ တစ်ခြားသူများအနေဖြင့် ဆန်ပြုတ်လိုမျိုးအစာပျော့ပျော့တွေကို သောက်စရာမလိုပါဘူး။ ပုံမှန်စားနေကြ အစားအသောက်တွေကို ကိုယ်ခံအားကောင်းဖို့အတွက် မဖြစ်မနေများများစားသောက်ပေးသင့်ပါတယ်…

💦အဖျားအလွန်အကျွံတက်လာပါက ရေကိုမြန်မြန်ချိုးပေးခြင်းဖြင့်လည်း အဖျားတက်တာကိုသက်သာစေနိုင်ပါတယ်။ ပုံမှန်အဖျားလောက်ဘဲဆိုရင်တော့ ရေပက်တိုက်တာမျိုးလေးတော့ လုပ်ပေးလို့ရပါတယ်…

🚶‍♂️အရမ်းအဖျားမကြီးဘဲ လှုပ်ရှားနိုင်လောက်တဲ့အခြေအနေမျိုးရှိတယ်ဆိုရင်တော့ အိပ်ယာထဲမှာ အမြဲနေခြင်းထက် မိမိအလွယ်ကတူလုပ်နိုင်တဲ့ မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းက ရောဂါကိုပိုမိုသက်သာစေနိုင်ပါတယ်။

🍛ဒါ့အပြင်နေမကောင်းဖြစ်တဲ့သူအနေနဲ့ အာဟာရပြည့်ဝအောင်စားဖို့ လိုတဲ့အတွက်အစားအစာကို ချေးမများဘဲအာဟာရပြည့်ဝအောင် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်နှင့် ဗီတာမင်နှင့်သတ္ထုဓာတ်များပါဝင်အောင် မျှတစွာ စားသုံးသင့်ပါတယ်။

💊အကယ်၍ အသက်ကြီးသူများ၊ အစားအစာဝင်အောင် မစားနိုင်သူများအနေနဲ့လည်း ဗီတာမင်နှင့်သတ္ထုဓာတ်များပါဝင်သော ဖြည့်စွက်အားဆေးများကိုလည်း ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်…

👉ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါများ ရှိသူတွေအနေနဲ့လည်း ဖျားနာပြီဆိုပါက ဆီးချိုတက်နေလား (သွေးတွင်းအချိုဓာတ်မြင့်တက်နေလား)၊ သွေးတိုးတက်နေလားဆိုတာကိုလည်း မကြာခဏစစ်ဆေးပေးသင့်ပါတယ်…

😍ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာဘဲဖြစ်ဖြစ်၊ မိသားစုထဲမှာဘဲဖြစ်ဖြစ်၊ အပေါင်းအသင်းသူငယ်ချင်းတွေထဲမှာဘဲဖြစ်ဖြစ် ကိုယ်ပူဖျားနာပြီး နေမကောင်းဖြစ်လာခဲ့ရင် အခုလိုအချက်အလက်တွေကို လုပ်ပေးခြင်းအားဖြင့် အမြန်ဆုံးသက်သာပျောက်ကင်းနိုင်တယ်ဆိုတာကို လက်ဆင့်ကမ်း သတင်းပေးလိုက်ကြရအောင်…

#staysafe #stayhome
#covid #healthknowledge
#zifam #CaringforWellbeing