ရင်သားရောဂါပြဿနာ အမြန်ဆန်ဆုံးအဖြေရှာ

ဆေးတက္ကသိုလ်(၂) ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခဆရာဝန်ကြီးများဦးဆောင်သည့် “ရင်သားရောဂါပြဿနာ အမြန်ဆန်ဆုံးအဖြေရှာ” ခေါင်းစဉ်ဖြင့် ရင်သားရောဂါနှင့်ပတ်သက်ပြီး လူထုကွင်းဆင်းစစ်ဆေးခြင်းနှင့် ပညာပေးလှုပ်ရှားမှုကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးဖဆပလရှိ အမက(၁၃) မူလတန်းကျောင်းတွင် ယနေ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲတွင်ဆေးတက္ကသိုလ်(၂) ခွဲစိတ်ကုပညာဌာမှ ပါမေက္ခဌာနမှူး ဒေါက်တာ မိုးမိုးတင်မှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမေက္ခဒေါက်တာခင်လေးချိုမှ ရင်သားရောဂါအကြောင်း ပညာပေးဟောပြောခဲ့ပါတယ်။ ထို့နောက် ဆေးတက္ကသိုလ်(၂) ခွဲစိတ်ပညာဌာနမှ ဆရာဝန်များမှ မေတ္တာပီတိ ပရဟိတဆေးခန်းတွင် လူနာများကို ရင်သားရောဂါနှင့်ပတ်သက်ပြီး အခမဲ့ စမ်းသပ်စစ်ဆေးခြင်းနှင့် အသားစယူခြင်းများပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ လူထုကွင်းဆင်းစစ်ဆေးခြင်းနှင့် ပညာပေးလှုပ်ရှားမှုကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးသော မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ စံပြဖဆပလရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မေတ္တာပီတိ ပရဟိတဆေးခန်းမှ ဥက္ကဌနှင့် အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီး တို့အားအထူးပင်ကျေးဇူးတင်ရှိပါတယ်။ အဆိုပါပွဲကို အမျိုးသမီးတိုင်းအတွက် #Eposoft မှအဓိကကူညီပံ့ပိုးပေးထားပါတယ်။ #Zifam #CaringforWellbeing www.zifammyanmar.com