လူတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ဖို့လိုပြီလား ?

လူတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ဖို့လိုပြီလား ?

နှာစေး၊ ချောင်းဆိုးစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိတဲ့သူတွေ၊ ထိုရောဂါလက္ခဏာရှိတဲ့သူတွေကို အနီးကပ်ပြုစုပေးရသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေပဲ ပါးစပ်နဲ့ နှာခေါင်းစည်း (Surgical Mask) တွေကို သုံးရမှာဖြစ်ပါတယ်။

အထက်ပါ ရောဂါလက္ခဏာမရှိတဲ့ သာမန်ပြည်သူတွေအနေနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းကို အသုံးပြုဖို့ မလိုပါကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ အကြုံပြုထားပါတယ်။

ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းလုံး ပါးစပ်နဲ့ နှာခေါင်းစည်းရှားပါးခြင်းနှင့် ကြုံတွေ့နေရသောကြောင့် ချင့်ချိန်ပြီး မလိုအပ်ဘဲ မသုံးစွဲကြပါရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)မှ အကြံပြုထားပါတယ်။

အထက်ပါအကြောင်းအရာကို မြန်မာ့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ် (COVID-19)နှင့် ပတ်သက်၍ အမေးများသောမေးခွန်းများနှင့် အဖြေများမှ ကောက်နုတ်တင်ပြလိုက်ပါတယ်။