သင်နဲ့သင့်ပတ်ဝန်းကျင်အတွက် ကာကွယ်ဆေးထိုးပါ

💉Covid 19 ကာကွယ်ဆေးထိုးခြင်းဟာ သင်တစ်ဦးတည်းကိုကာကွယ်နိုင်တာမဟုတ်ပါဘူး။ သင့်ဆီကနေ သင်ချစ်ရတဲ့သူများကိုကူးစက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။

👦👧ကလေးငယ်များ

📌ကလေးများဟာ လူကြီးများထက် Covid 19 ရောဂါဖြစ်ပွားနိုင်ခြေနည်းတယ်ဆိုပေမယ့် ကူးစက်ခံရနိုင်သေးသလို ရောဂါလက္ခာများခံစားရနိုင်သေးပြီး အခြားသူများကိုလည်းကူးစက်စေနိုင်ပါသေးတယ်။ ကလေးငယ်များမှာ လတ်တလောအခြေအနေအထိ ကာကွယ်ဆေးထိုးပြီး Covid 19 ကိုကာကွယ်ဖို့မဖြစ်နိုင်သေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ ၁၈ နှစ်အထက်လူကြီးများမှာပဲ Covid 19 ကာကွယ်ဆေးများဟာ စိတ်ချရသေးတယ်လို့ဆိုထားပါသေးတယ်။ အသက် ၁၂ နှစ်အထက်ကလေးတွေမှာဆိုရင်တော့ Pfizer/BionTech ကာကွယ်ဆေးထိုးနှံနိုင်ကြောင်းလည်း WHO မှဖော်ပြထားပေမယ့် လတ်တလောမှာမြန်မာနိုင်ငံအနေနဲ့ ကလေးများကို အဆိုပါCovid 19 ကာကွယ်ဆေးထိုးပေးနိုင်ဖို့က ခက်ခဲနိုင်ပါသေးတယ်။ ဒါ့ကြောင့် သင်ကာကွယ်ဆေးထိုးထားခြင်းဖြင့် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးငယ်များကို သင့်ထံမှရောဂါကူးစက်ခံရခြင်းမှ အထိုက်အလျောက်ကာကွယ်မှုပေးနိုင်မှာဖြစ်ပါတယ်။

👨‍🦲ခုခံအားနည်းပါးသူများ/ခုခံအားကျဆင်းစေတဲ့ဆေးများသောက်နေရသူများ

📌HIV/AIDS ရောဂါရှင်များ၊ ကင်ဆာရောဂါရှင်များနဲ့ အကြောင့်အမျိုးမျိုးကြောင့် ခုခံအားကျစေတဲ့ဆေးများသောက်နေရသူများမှာ Covid 19 ကာကွယ်ဆေးရဲ့အာနိသင်အပြည့်ရ/မရဆိုတာနဲ့ပတ်သက်ပြီး သုတေသနအချက်အလက်များအားနည်းနေပါသေးတယ်။ အဆိုပါရောဂါရှင်များဟာ Covid 19 ကာကွယ်ဆေးအပြည့်ထိုးပြီးရင်တောင် ကူးစက်ခံရနိုင်ခြေများနေပါသေးတယ်။ ဒါ့ကြောင့် သင်ကာကွယ်ဆေးထိုးထားခြင်းဖြင့် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အထက်ပါရောဂါခံစားနေရသူများကို သင့်ထံမှရောဂါကူးစက်ခံရခြင်းကနေ အထိုက်အလျောက်ကာကွယ်မှုပေးနိုင်မှာဖြစ်ပါတယ်။

📣Covid 19 ကာကွယ်ဆေးထိုးထားခြင်းဟာ သင်တစ်ယောက်တည်းအတွက်မဟုတ်ပဲ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ သင်ချစ်ရသူများအတွက်ပါကာကွယ်ပေးနိုင်မှာဖြစ်တဲ့ အတွက် Covid 19 ကာကွယ်ဆေးထိုးကြဖို့အတွက်တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

မှတ်ချက် ။ ။ Covid ကာကွယ်ဆေးနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများတိုးပွားစေရန်ကိုသာရည်ရွယ်ပြီး Zifam ကုမ္ပဏီမှ ယခုလိုတင်ဆက်ပေးထားခြင်းဖြစ်ပါသည်။

#Zifam #CaringforWellbeing

References
CDC, 2021. Centers of Disease Prevention and Control. [Online]
Available at: https://www.cdc.gov/…/scie…/fully-vaccinated-people.html
[Accessed 19 Aug 2021].

WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/…/novel…/covid-19-vaccines/advice
[Accessed 19 Aug 2021].