သေခြင်းတရားနှင့်ကြုံတွေ့လာပါက ဝေဒနာမှ တဏှာ၊ဒေါသ မည်သို့ခွာမည်နည်း

သေခြင်းတရားနှင့်ကြုံတွေ့လာပါက ဝေဒနာမှ တဏှာ၊ဒေါသ မည်သို့ခွာမည်နည်း

ကျွန်တော် ကျွန်မတို့ Zifam Pyrex မိသားစု၏ ကျေးဇူးရှင်များဖြစ်ကြသော မြန်မာနိုင်ငံ ဆေးပညာလောကမှ ဆရာကြီး ၊ ဆရာမကြီးများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား ဦးထိပ်ထား၍ တရားဓမ္မဖြင့် ပူဇော်ကန်တော့ ပွဲကို၂၃-၁၀-၂၀၁၆(တနင်္ဂနွေနေ့)၊ နံနက် (၈:၀၀) နာရီ၌ တိုက်ခွဲအမှတ်(၃၂)၊ သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၊ ကုန်းတလပေါင်ရွာ တွင် ကျင်းပခဲ့ပါသည်။ သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၏ ဦးစီးပဓာန နာယက သောတာပတ္တိမဂ် ရှုဖွယ် ကျမ်းပြုဆရာတော်အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ(အောင်လံ) မှ “သေခြင်းတရားနှင့်ကြုံတွေ့လာပါက ဝေဒနာမှ တဏှာ၊ ဒေါသ မည်သို့ခွာမည်နည်း” ဟူသော ဓမ္မခေါင်းစဉ်ဖြင့် တရားရေအေး တိုက်ကြွေးခဲ့ပါသည်။ အဆိုပါတရားဓမ္မဖြင့် ပူူဇော်ကန်တော့ပွဲ အခမ်းအနားတွင် တက်ရောက်လာသူ တရားဓမ္မ ပရိသတ်များမှ ငါးပါးသီလခံယူပြီး ကျေးဇူးတော်ရှင်အောင်လံဆရာတော်ဘုရားကြီးမှ သြဝါဒ စကားပြောကြားခြင်းနှင့် ကြွရောက်လာသူများမှ ဓမ္မနဲ့ပတ်သက်၍သိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဆရာတော်ဘုရားကြီးနှင့် သံဃာတော်အရှင်သူမြတ်များ အားဆွမ်းကပ်၍ကြွရောက်လာကုန်သော ဧည့်ပရိသတ်တို့အား ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် တရားပွဲသို့ကြွရောက်လာကုန်သော တရားနာပရိသတ်တို့သည် လျောင်းကမ္မဋ္ဌာန်းဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားများအား ကြိုးစားအားထုတ်ခဲ့ကြပြီး တရားပွဲအားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။