အချို့သောသူများအနေနဲ့ အရက်သောက်ခြင်းဟာ covid19 ရောဂါပိုးကိုကာကွယ်နိုင်တယ်ဆိုပြီး အမှတ်မှားနေတတ်ကြပါတယ်။
ခန္ဓာကိုယ်ပြင်ပမှာ အရက်ပြန်ပါဝင်တဲ့လက်ဆေးရည်၊ စပရေးများဟာဗိုင်းရပ်စ်ပိုးရဲ့ အပြင်အဆီလွှာကိုဖျက်စီးနိုင်တဲ့အတွက် အရက်သောက်ခြင်းဖြင့်ကာကွယ်နိုင်တယ်လို့ယူဆဖွယ်ရာရှိပါတယ်။
ဒါပေမယ့် အရက်သောက်သုံးခြင်းဟာ COVID19 ကိုလုံးဝမကာကွယ်နိုင်ကြောင်းနဲ့ အလွန်အကျွံသောက်သုံးမိရင် ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကအတိအလင်းဖော်ပြထားပါတယ်။
ဒါ့ကြောင့် အရက်သောက်ခြင်းဖြင့် COVID 19 ကိုမကာကွယ်နိုင်ပါ။