❌မနေ့ကတင်ထားတဲ့ “မထိရ” ဆိုတဲ့ Post လေးမှာပါဝင်ဆွေးနွေးပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်။
🤝“မထိရ” ဆိုတာ မဖြစ်မနေကလွဲရင် မလိုအပ်ပဲလက်ဖြင့်ထိတွေ့ကိုင်တွယ်ခြင်းကို အဓိကဆိုလိုပါတယ်နော်။
✅အများသုံးပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမှအတတ်နိုင်ဆုံး ရှောင်ရှားကြဖို့နဲ့ မဖြစ်မနေထိတွေ့ကိုင်တွယ်ရမယ်ဆိုရင်လည်း လက်ကိုစနစ်တကျသန့်ရှင်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကပါ တိုက်တွန်းထားတဲ့အတွက် Zifam Myanmar အနေနဲ့ မိမိတို့လေးစားတန်ဖိုးထားရတဲ့မိဘပြည်သူများကို တတ်နိုင်တဲ့ဘက်မှ စေတနာဖြင့်တိုက်တွန်းခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့်
🚫မထိရ…လှေကားလက်ရန်းများ/ ဓာတ်လှေကားလက်ရန်းများကိုင်တဲ့အခါ
– လှေခါးလက်ရန်းများ၊ ဓာတ်လှေခါးလက်ရန်းများ ကိုအများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် လှေကား(သို့)ဓာတ်လှေကားအသုံးပြုလျှင် လက်ရန်းများကိုမထိပဲအသုံးပြပါ။
🚫မထိရ…တံခါးလက်ကိုင်များကိုင်တဲ့အခါ
– တံခါးလက်ကိုင်ကိုလည်း အများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် တံခါးလက်ကိုင်ကို လက်ဖြင့်မထိဘဲ ခန္ဓာကိုယ် (သို့) တံတောင်ဆစ် ကိုသုံးပြီးဖွင့်ပါ။
🚫မထိရ…ဓာတ်လှေကားစက်ခလုတ်များကိုင်တဲ့အခါ
– အများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များတဲ့ ဓာတ်လှေကားစက်ခလုတ်များမှ ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် တစ်ရှုးကိုအသုံးပြုပြီး ဓာတ်လှေကားစက်ခလုတ်များကိုနှိပ်ပါ။
🚫မထိရ…ကားစီးလျှင် လက်ကိုင်တန်းများကိုင်တဲ့အခါ
– နေ့စဉ်လူထောင်ပေါင်းများစွာထိတွေ့ကိုင်တွယ်နေသော ဘတ်စ်ကားလက်ကိုင်များမှတစ်ဆင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် ကားလက်ကိုင်များကိုကိုင်တွယ်မိခဲ့ရင် လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ…မျက်နှာတစ်ဝိုက်ကိုလက်ဖြင့်ကိုင်တဲ့အခါ
– မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ရောဂါပိုးနှင့်ထိတွေ့ကိုင်တွယ်ထားသောလက်မှတစ်ဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့အတွက် မျက်နှာတစ်ဝိုက်ကိုလက်ဖြင့်မထိရပါ။ ဒါ့ကြောင့်လက်ကိုဆပ်ပြာနှင့်စနစ်တကျဆေးပြီးမှ မျက်နှာတစ်ဝိုက်ကိုကိုင်တွယ်ပါ။
🚫မထိရ…ကွန်ပျူတာ၊မောက်စ်စတဲ့လူ့အသုံးအဆောင်ပစ္စည်းများကိုင်တဲ့အခါ
– အများသုံးကွန်ပြူတာ၊ မောက်စ်၊ ဖုန်း၊ မိတ္တူကူးစက်၊ စားပွဲ၊ စတဲ့အရာဝတ္ထုတွေအပေါ်မှာရောဂါပိုးများတွယ်ကပ်နေနိုင်သောကြောင့် လက်ဖြင့်မလိုအပ်ဘဲမထိသင့်ပါ။ ဒါ့ကြောင့် ကိုင်တွယ်မိခဲ့ရင် လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ…ကလေးငယ်များနဲ့လူကြီးများထိတွေ့တဲ့အခါ
– ကလေးငယ်များနှင့် လူကြီးများသည် ကိုယ်ခံအားနည်းနေနိုင်ပြီး ရောဂါကူးစက်ပျံ့ပွားနိုင်ခြေပိုများခြင်း၊ ရောဂါဖြစ်ပွားလျှင် ပိုမိုဆိုးဝါးခြင်း/သေဆုံးနိုင်ခြေပိုများခြင်း စတဲ့အကြောင်းအရင်းများကြောင့် သူတို့ကို တတ်နိုင်သမျှလက်နဲ့ထိတွေ့ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေကိုင်တွယ်ရမည်ဆိုလျှင်လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။ ကိုင်တွယ်ပြီးလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ…အချင်းချင်းနှုတ်ဆက်တဲ့အခါ
– အချင်းချင်းနှုတ်ဆက်တဲ့အခါ လက်ဆွဲနှုတ်ဆက်ခြင်း၊ နမ်းရှုံ့ခြင်းတို့မှ ကူးစက်ခံရနိုင်တဲ့အတွက် တတ်နိုင်သမျှ အချင်းချင်းထိတွေ့နှုတ်ဆက်ခြင်းမှရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေထိတွေ့ နှုတ်ဆက်ရလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫ဒါကြောင့် မထိရ……….မထိရ……….မထိရ……….မထိရ……….
ထိပြီးလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။