6th Lashio Medical Conference 2019

မြန်မာနိုင်ငံဆရာဝန်အသင်း (လားရှိုး) မှ ကြီးမှူးကျင်းပသော 6th Lashio Medical Conference 2019 ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၈) ရက်မှ (၁၀) ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။  အဆိုပါပွဲတွင် Update Management of Cirrhosis of Liver ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့သော Symposium ကို အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခခင်မောင်ဝင်းမှ Brief Outline of Pathophysiology of Portal Hypertension ခေါင်းစဉ်ဖြင့် ဟောပြောကာ သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဒေါက်တာစိုးသီဟမောင် မှ Nutrition in Cirrhosis of Liver ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာအောင်လှိုင်ဘွားမှ Management of Hepato-renal Syndrome and Spontaneous Becterial Peritonitis ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာ စည်သူစိန်ဝင်းမှ Medical Management of Variceal Bleeding ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ပါတယ်။  အဆိုပါ Symposium ကို Zifam Company မှဂုဏ်ယူစွာဖြင့် ကူညီပံ့ပိုးပေးခဲ့ပြီး ပြခန်းအနေဖြင့် လည်းဆေးပစ္စည်းများကိုပြသဆင်နွှဲခဲ့ပါတယ်။