ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ထိုးရာတွင် တစ်ကြိမ်နဲ့တစ်ကြိမ် ဆေးအမျိုးအစားမတူတာထိုးလို့ရပါသလား?

❓ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ထိုးရာတွင် တစ်ကြိမ်နဲ့တစ်ကြိမ် ဆေးအမျိုးအစားမတူတာထိုးလို့ရပါသလား?

🔰ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ထိုးရာမှာ ပထမတစ်ကြိမ်နှင့် ဒုတိယအကြိမ် မတူတဲ့ဆေးထိုးမိတဲ့အတွက် ကာကွယ်ဆေး၏အာနိသင်အပေါ် အကျိုးသက်ရောက်မှုများကို သိပ္ပံနည်းကျခိုင်မာသော ရှာဖွေတွေ့ရှိချက်များအား ယခုအချိန်တွင်မရရှိနိုင်သေးပါ။

💉ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတော့ ဆေးအမျိုးအစားတူတာကိုပဲ (၂)ကြိမ်စလုံးထိုးဖို့ အကြံပေးထားပါတယ်။

💉အကယ်၍ မတူတဲ့ဆေးအမျိုးအစား (၂)ခုကို မတော်တဆထိုးမိခဲ့ရင်လည်း အရင်ထိုးတဲ့ဆေးဖြစ်ဖြစ်၊ နောက်မှထိုးတဲ့ဆေးဖြစ်ဖြစ် နောက်ထပ်တစ်ကြိမ်ထပ်မံ ဖြည့်စွက်ထိုးဖို့ မလိုအပ်ကြောင်းလဲ အကြံပေးထားတာ တွေ့ရှိရပါတယ်။

📌နောက်ထပ်လေ့လာတွေ့ရှိချက်အသစ်များ ထပ်မံထွက်​ပေါ်လာပါကလဲ ဆက်လက်တင်ပြပေးသွားပါမယ်။

👉Covid ကာကွယ်ဆေးနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပြီး Zifam ကုမ္ပဏီမှ ယခုလိုတင်ဆက်ပေးထားခြင်းဖြစ်ပါသည်။

Ref: COVID-19 FAQ by World Heath Organization (Sri Lanka) Updated on January 29, 2021

#covid #COVID19 #vaccine

#WorldHealthOrganizationWHO

#Zifam #CaringforWellbeing