ဆီးချိုသွေးချို ဝေဒနာရှင်များကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား..?
အဖြေကတော့ ရပါတယ်။ ထိုးကိုထိုးရမှာဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ သုတေသနစာတမ်းတွေနဲ့တွေ့ရှိချက်တွေအရ ဆီးချိုသွေးချို ရောဂါအခံရှိတဲ့သူတွေ Covid 19ရောဂါဖြစ်ပွားပါက အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဆိုးဝါးတဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဆီးချိုသွေးချိုအခံရှိတဲ့သူတွေဟာ Covid19 ရောဂါကိုကာကွယ်ရမှာပဲဖြစ်ပါတယ်။
ကာကွယ်ဖို့အတွက်အကောင်းဆုံးနည်းက ကာကွယ်ဆေးထိုးတဲ့နည်းဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ အမေရိကန် ဆီးချိုသွေးချို ဝေဒနာရှင်များအသင်း၊ ရောဂါရှင်များအသင်း၊ Diabetes UK လို့ခေါ်တဲ့Englandနိုင်ငံကဆီးချိုရောဂါအဖွဲ့အစည်းတွေအကုန်လုံးကလည်း Covid ကာကွယ်ဆေးကိုစိတ်ချလက်ချထိုးလို့ရပါတယ်လို့တင်ပြထားပါတယ်။
ဒီအခါမှာ လူအများစုကြောက်ကြတာက ဆီးချိုသွေးချိုရောဂါဆိုတာခုခံအားကျနေတဲ့ရောဂါတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် ကာကွယ်ဆေးထိုးလိုက်ရင် ရောဂါပိုးဝင်သွားတယ်၊ ပိုကြွမယ်လို့ ယူဆကြတဲ့ အယူအဆရှိပါတယ်။ ဒီအချက်က မှားယွင်းနေပါတယ်။
ဘာလို့လဲဆိုတော့ ဒီကာကွယ်ဆေးသည် အန္တရာယ်မရှိအောင်ပိုးကိုပြုလုပ်ထားပြီးတော့မှ ထည့်ထားခြင်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့်စိတ်ချလက်ချထိုးဖို့အတွက် တိုက်တွန်းလိုပါတယ်။
ကာကွယ်ဆေးထိုးပြီးသွားရင်တော့ ထိုးတဲ့နေရာမှာအနည်းငယ် နီမယ်၊ နာကျင်မယ်၊ ရောင်ရမ်းမယ် ဆိုတာတွေရှိနိုင်ပါတယ်။ တစ်ခါတစ်လေမှာအခန့်မသင့်ရင် ဖျားတာတို့၊ ကိုယ်လက်မအီမသာဖြစ်တာတို့ ရှိတတ်ပါတယ်။
ဒါကြောင့်ကာကွယ်ဆေးထိုးပြီးတော့ နာရီဝက်လောက်အဲ့ဒီနေရာမှာစောင့်ပြီးတော့မှစိတ်ချလက်ချနေပြီးတော့မှ ပြန်လို့ရပါတယ်။ဒီလိုမျိုးမဖြစ်တာတွေလည်းရှိပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့လူတွေမှာ ပြောကြားချက်အရတော့ နာလည်းမနာဘူး ဒီလိုလက္ခဏာတွေမပေါ်တာတွေလည်း ရှိကြတဲ့အတွက်ကြောင့်စိတ်ချလက်ချထိုးနှံလို့ရပါတယ်။
ဒါပေမယ့် ဆီးချိုသွေးချိုကသိပ်တက်နေတယ် တစ်ခါတစ်လေမှာ ဆီးချိုသွေးချိုကြောင့် အရေးပေါ်အခြေအနေမှာ ရှိနေတဲ့လူတွေဆီးချိုသွေးချိုကြောင့်သိပ်ပြီးတော့အားနည်းနေတဲ့ လူတွေမှာတော့ သက်ဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ထိုးဖို့အတွက်အကြံပြုလိုပါတယ်။
ပုံမှန်အားဖြင့်တော့ ဆီးချိုသွေးချိုဝေဒနာရှင်များက COVID ကာကွယ်ဆေးကိုစိတ်ချလက်ချထိုးနိုင်ပါတယ်။အချို့ကဆီးချိုသွေးချိုရောဂါလည်းရှိတယ် အသက်အရွယ်ကလည်းကြီးနေတယ် ဒါကြောင့်ကာကွယ်ဆေးထိုးတဲ့အခါမှာခံနိုင်ပါ့မလားကာကွယ်ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံရမလားဆိုပြီးတော့မထိုးတာတွေရှိပါတယ်။
ဒါဟာမှားယွင်းတဲ့အယူအဆဖြစ်ပါတယ်။ ဆီးချိုသွေးချိုဝေဒနာရှင်အသက်အရွယ်ကြီးရင့်တဲ့သူတွေဟာ Covid 19 ပိုးဝင်သွားပါကပိုပြီးအသက်အန္တရာယ်ရှိတဲ့အတွက်ကြောင့် ပိုးပြီးဦးစားပေးထိုးရမယ့်အုပ်စုထဲမှာပါဝင်နေပါတယ်။
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် COVID ကာကွယ်ဆေးအပြင် တစ်နှစ်တစ်ခါတုပ်ကွေးကာကွယ်ဆေးထိုးရန်၊ ၅ နှစ်တစ်ခါ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်အအေးမိဖျားနာကာကွယ်ဆေးတွေ ထိုးဖို့အတွက် တိုက်တွန်းထားတာတွေရှိပါတယ်။
ဒါကြောင့် ဒီ Covid-19 ကာကွယ်ဆေးကိုလည်း ဒီလိုအသက်ကြီးတဲ့လူတွေမှာစိတ်ချလက်ချ ထိုးနှံခြင်းအားဖြင့်ဖြစ်ပွားပါကလည်း တတ်နိုင်သလောက်အန္တရာယ်များတဲ့ အဆင့်ထိမရောက်အောင်ကာကွယ်တားဆီးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်စိတ်ချလက်ချထိုးနှံကြဖို့အတွက် အကြံပြုတိုက်တွန်းပြောဆိုလိုပါတယ်။
Covid ကာကွယ်ဆေးနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပြီး Zifam ကုမ္ပဏီမှ ယခုလိုတင်ဆက်ပေးထားခြင်းဖြစ်ပါသည်…
#covid #diabetes
#staysafe #stayhome
#washinghands #wearingmasks
#zifam #caringforwellbeing