ဘယ်အချိန်ထိ တစ်ယောက်တည်းနေရမှာလဲ….
Covid Positive လူနာများအနေနဲ့ မိသားစုနဲ့အတူနေထိုင်ခြင်းမပြုပဲ သီးသန့်တစ်ဦးတည်းခွဲပြီးနေထိုင်ဖို့လိုအပ်တယ်ဆိုတာအားလုံးသိထားပြီးဖြစ်ပါတယ်။ ဘယ်အချိန်ထိတစ်ယောက်တည်းခွဲနေရမှာလဲ။ ဘယ်တော့ ရောဂါမကူးစက်ခံရသေးတဲ့ အခြားမိသားစုဝင်တွေနဲ့ အတူပြန်ပြီးနေလို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးမျှဝေပေးလိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့သတ်မှတ်ချက်အရ
ရောဂါလက္ခဏာပြတဲ့ Covid Positive လူနာများအနေနဲ့ ရောဂါလက္ခဏာစပြတဲ့နေ့ကစပြီး ၁၀ ရက်မြောက်နေ့အပြီး နောက်ထပ် ၃ ရက်ပေါင်းပါတယ် (ထပ်ပေါင်းတဲ့ ၃ ရက်အတွင်းမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း စတဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိရပါ။ အဖျားကျဆေးသောက်ဖို့မလိုအပ်ရပါ)။
ခြွင်းချက်အနေနဲ့ Post Covid မှာကျန်နေတတ်တဲ့ချောင်းဆိုးခြင်းမျိုးအတွက်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
ဥပမာ –
ရောဂါလက္ခဏာ ၂ ရက်လောက်ပဲခံစားရတဲ့လူနာဆိုပါစို့ ရောဂါလက္ခဏာစပြတဲ့ရက်ကနေ ၁၀ ရက် + လက္ခဏာမပြ ၃ ရက် = ၁၃ ရက်နေရင် မိသားစုနဲ့အတူပြန်နေနိုင်ပါပြီ။
ရောဂါလက္ခဏာ ၁၄ ရက်ခံစားရတဲ့လူနာဆိုရင် ၁၄ ရက် + လက္ခဏာမပြ ၃ ရက် = ၁၇ ရက်နေရင်မိသားစုနဲ့အတူပြန်နေနိုင်ပါပြီ။
ရောဂါလက္ခဏာ ရက်၃၀ ခံစားရတဲ့လူနာဆိုရင် ၃၀ ရက် + လက္ခဏာမပြ ၃ ရက် = ၃၃ ရက်နေရင်မိသားစုနဲ့အတူပြန်နေနိုင်ပါပြီ။
ရောဂါလက္ခဏာမပြပဲ စမ်းသပ်စစ်ဆေးလိုက်လို့ Positive ထွက်တဲ့လူနာများအတွက် Positive ထွက်ပြီး ၁၀ ရက်နေရင်မိသားစုနဲ့အတူပြန်နေနိုင်ပါပြီ။
====================
အမေရိကန်နိုင်ငံအခြေစိုက် ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့အစည်း (CDC)ရဲ့သတ်မှတ်ချက်အရ
ရောဂါလက္ခဏာပြတဲ့ Covid Positive လူနာများအနေနဲ့ ရောဂါလက္ခဏာစပြတဲ့နေ့ကစပြီး ၁၀ ရက်မြောက်နေ့+ အနည်းဆုံး ၂၄ နာရီ အဖျားကျဆေးသောက်ဖို့မလိုပဲ အဖျားမရှိဘူး + အခြားရောဂါလက္ခဏာများသက်သာလာတယ် ဆိုရင်မိသားစုနဲ့အတူပြန်နေနိုင်ပါပြီ။
ရောဂါလက္ခဏာဆိုးဆိုးရွားရွားခံစားရတဲ့လူနာများအနေနဲ့ကတော့ ရောဂါလက္ခဏာစပြတဲ့နေ့ကစပြီး ၂၀ ရက်မြောက်နေ့ မှာမိသားစုနဲ့အတူပြန်နေနိုင်ပါပြီ။
ရောဂါလက္ခဏာမပြပဲ စမ်းသပ်စစ်ဆေးလိုက်လို့ Positive ထွက်တဲ့လူနာများအတွက် Positive ထွက်ပြီး ၁၀ ရက်နေရင်မိသားစုနဲ့အတူပြန်နေနိုင်ပါပြီ။
Ref:
WHO, 2021. World Health Organization (WHO). [Online]
Available at: https://www.who.int/…/criteria-for-releasing-covid-19…
[Accessed 2 Aug 2021].
CDC, 2021. Centers of Disease Control and Prevention (CDC). [Online]
Available at: http://cdc.gov/…/hcp/disposition-in-home-patients.html
[Accessed 2 Aug 2021].