COVID-19 နှင့် သွေးခဲခြင်းအန္တရာယ်

🦠COVID-19 နှင့် သွေးခဲခြင်းအန္တရာယ်🩸

❓COVID-19 နှင့် သွေးခဲခြင်းဟာဘယ်လိုဆက်နွယ်မှုရှိပါသလဲ?

🔰ကိုဗစ်ကူးစက်ခံရပြီး ဆေးရုံတက်ရတဲ့လူနာတွေမှာ သွေးခဲမှုဖြစ်ပေါ်ခြင်းကို တစ်ကမ္ဘာလုံးတွင် ကိုဗစ်ပျံံ့နှံ့ပြီး အစောပိုင်းမှာတင် သတိပြုမိခဲ့ပါတယ်။ အဲ့ဒီလူနာတွေရဲ့ သွေးလွတ်ကြောနှင့် သွေးပြန်ကြောတွေမှာ သွေးခဲခြင်းတွေဖြစ်ပေါ်ပြီးနောက် လေဖြတ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဒီလိုသွေးခဲခြင်းဟာ ကိုဗစ်ရောဂါဆိုးရွားစွာခံစားရတဲ့လူနာတွေမှာ ၂၀-၄၀% ဖြစ်တတ်ပြီး အသင့်အတင့်ခံစားရတဲ့လူနာတွေမှာတော့ ၃-၉% ရှိတတ်ပါတယ်။

❓COVID-19 ကူးစက်ခံရတဲ့ ဘယ်လိုလူနာတွေမှာ သွေးခဲမှုအန္တရာယ်ပိုဖြစ်စေနိုင်ပါသလဲ?

-ကိုဗစ်ရောဂါဝေဒနာဆိုးရွားစွာခံစားရပြီး အထူးကြပ်မတ်ကုသမှုခံယူနေရတဲ့လူနာ

-အသက်ရှုရန်ခက်ခဲတဲ့လူနာ

-အောက်ဆီဂျင်ပမာဏ အများကြီးလိုအပ်တဲ့လူနာ

-အရင်က သွေးခဲခြင်းဖြစ်ဖူးတဲ့လူနာ

-မွေးရာပါသွေးခဲတတ်တဲ့ရောဂါရှိသူတွေ

-သွေးတိုး၊ ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာရောဂါရှိတဲ့သူတွေမှာ သွေးခဲမှုအန္တရာယ်ပိုဖြစ်စေနိုင်ပါတယ်။

❓ကိုဗစ်ကာကွယ်ဆေးနဲ့ သွေးခဲခြင်းဟာ ဆက်နွယ်မှုရှိနိုင်ပါသလား?

🔰တချို့သောကိုဗစ်ကာကွယ်ဆေးဟာ Vaccine-Induced Thrombotic Thrombocytopenia (VITT) လို့ခေါ်တဲ့ ကာကွယ်ဆေးထိုးခြင်းကြောင့် သွေးခဲခြင်း ဘေးထွက်ဆိုးကျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်။

💉(၂၀၂၁) မတ်လ မှာ AstraZeneca ကိုဗစ်ကာကွယ်ဆေးနဲ့ဆက်စပ်ပြီးတွေ့ရှိပြီးနောက် Johnson & Johnson ကိုဗစ်ကာကွယ်ဆေးမှာလဲ ထပ်မံတွေ့ရှိရပါတယ်။

🧬ထိုဖြစ်စဉ်တွေဟာ အလွန်ရှားပါးတဲ့အခြေအနေသာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ခန္ဓာကိုယ်မှထွက်လာတဲ့ Antibodies ဟာ သွေးကိုခဲစေတဲ့ Platelet ရဲ့လုပ်ဆောင်ချက်ကို လှုံ့ဆော်စေပါတယ်။ ထိုအခါ Platelet အရေအတွက်နည်းပါးသွားစေပြီး တဆက်တည်းမှာပဲ မလိုလားအပ်တဲ့နေရာတွေမှာ သွေးခဲခြင်းများဖြစ်ပေါ်လာစေပါတယ်။

💉VITT ဟာ Moderna နှင့် Pfizer-BioNTech mRNA ကိုဗစ်ကာကွယ်ဆေးတွေမှာတော့ မဖြစ်စေပါဘူး။
🇺🇸အမေရိကန်နိုင်ငံရှိ Centers for Disease Control and Prevention (CDC)မှထုတ်ပြန်ချက်အရ ဇွန်လ (၃၀) ၂၀၂၁ ထိ၊ U.S နိုင်ငံတွင် Johnson & Johnson ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ (၁၂)သန်းတွင် VITT ဖြစ်တဲ့ (၃၅)ဦးဖြစ်ပြီး United Kingdom နိုင်ငံမှာတော့ AstraZeneca ကိုဗစ်ကာကွယ်ဆေးကြောင့် လူအယောက် (၃၀၀) တွင် VITT ဖြစ်ကြောင်းတွေ့ရပါတယ်။

👇🏻VITT ရဲ့ လက္ခဏာတွေကတော့

-ဆိုးရွာစွာခေါင်းကိုက်ခြင်း

-ရင်ဘတ်အောင့်ခြင်း

-အသက်ရှူခက်ခဲခြင်း

-ခြေထောက်များ ယောင်ယမ်းပြီး နာကျင်ခြင်း

-ဆိုးရွာစွာဗိုက်အောင့်ခြင်း

-စိတ်ရှုပ်ထွေးခြင်း

-အမြင်အာရုံများပြောင်းလဲခြင်း

-တက်ခြင်း တို့ပဲဖြစ်ပါတယ်။

📌VITT ဟာ အလွန်ရှားပါးပြီး ကုသလို့ရတဲ့အခြေအနေဖြစ်သောကြောင့် အလွန်အမင်းစိုးရိမ်စရာမလိုပါဘူး။ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဟာ ဆိုးချက်ထက် ကောင်းကျိုးကို ပိုမိုခံစားရနိုင်မှာဖြစ်ပြီး လူတစ်သန်းတွင် ကာကွယ်ဆေးထိုးထားခြင်းဟာ လူ ၆၀-၁၄၀ သေဆုံးမှုကို ကာကွယ်ပေးနိုင်ပြီး လူ ၄၀၀-၁၀၀၀ အထိ ဆေးရုံတက်ရမှုကို လျော့ကျစေနိုင်တယ်လို့ CDC က ခန့်မှန်းထားပါတယ်။

📌VITT ဟာ ကာကွယ်ဆေးထိုးပြီး ၄ ပတ်ကျော်ရင် မဖြစ်နိုင်တော့ပေမယ့် ကိုဗစ်ကူးစက်ခံရသူတွေမှာတော့ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေ၊ တခြား​သောရောဂါအခံရှိခြင်းနဲ့ နာမကျန်းဖြစ်တဲ့ကာလအရှည်ပေါ်မူတည်ပြီး သွေးခဲခြင်းဟာ လနဲ့ချီပြီးဖြစ်ပေါ်စေနိုင်ပါတယ်။

Ref: Metzger, K., 2021. The University of Utah. [Online]
Available at: https://healthcare.utah.edu/…/blood-clotting-covid19.php
[Accessed 22 August 2021].

#zifam #CaringforWellbeing

#covid #COVID19

#bloodclots