Monkey Pox မျောက်ကျောက်ရောဂါ လက္ခဏာများသည် ပုံမှန်အားဖြင့် ၂ ပတ်ကနေ ၄ပတ် ကြားလောက် ကြာမြင့်တတ်သည်။ ထို့နောက် ကုသမှု မခံယူလဲ သူ့ဘာသာသူ ပျောက်ကင်း သွားတတ်သည်။ အကယ်၍ မိမိတွင် အထက်ပါ Monkey Pox မျောက်ကျောက်ရောဂါနှင့် ဆိုင်သော လက္ခဏာများ ခံစားရလျှင် သို့မဟုတ် Monkey Pox ရောဂါ ခံစားနေရသူ၊ Monkey Pox ရောဂါဟု သံသယရှိသောသူနှင့် ထိတွေ့မိလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွင် ပြသကာ ကုသမှု ခံယူရမည် ဖြစ်သည်။