(၂၀၂၃)ခုနှစ်၊ ဧပြီလ (၅)ရက် (ဗုဒ္ဓဟူးနေ့) တွင် Zifam ဆေးကုမ္ပဏီမိသားစုများမှ နှစ်စဉ်ကုသိုလ်ယူ မြန်မာ့နှစ်ဦးအကြို စုပေါင်းအလှူအဖြစ် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ “မဟာဓမ္မရံသီ အိမ်တော်ရာစေတီတော်” တွင် ရင်ပြင်တော်သန့်ရှင်းရေး၊ ဘုရားပန်းများအား လဲလှယ်ကုသိုလ်ယူခြင်း နှင့် ရောင်တော်ဖွင့်ကုသိုလ်အလှူများကို ပြုလုပ်ခဲ့ပါတယ်။