World Heart Day 2024

📌 (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) တွင် မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကြပါစေ။

🫀 နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး လူသားတွေရဲ့ အသက်အန္တရာယ်ကို အမြဲတစေ ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

📈 (၁၈.၆) သန်းသော လူသားတွေဟာ နှစ်စဉ်နှစ်တိုင်း နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါကြောင့် အသက်ဆုံးရှုံးနေကြရပြီး ဒါဟာ တစ်ကမ္ဘာလုံးသေဆုံးမှုနှုန်းရဲ့ ၃ပုံ ၁ပုံ ရှိပါတယ်။

👉🏻 ဆေးရွက်ကြီးသုံးစွဲခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်များစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အ၀လွန်ကဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း အစရှိတဲ့ အလေ့အကျင့်တွေဟာ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပေါ်စေနိုင်တဲ့ လမ်းစတွေဖြစ်ပါတယ်။

နှလုံးရောဂါခံစားရခြင်းမှ ကာကွယ်နိုင်ပြီး အသက်ဆုံးရှုံးမှုများ မဖြစ်ရလေအောင် –

✅ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘ၀ပုံစံဖြင့် နေထိုင်စားသောက်ခြင်း

✅ လေ့ကျင်ခန်းပုံမှန်လုပ်ပေးခြင်း

✅ ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန်အတွင်းထားရှိခြင်း

✅ ဆေးလိပ်၊ အရက်အား ရှောင်ရှားခြင်း

✅ ဆရာဝန်ညွှန်ကြားသောဆေးဝါးများသောက်သုံးပေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ပါတယ်။

👉 ဒါကြောင့် နေ့စဉ်နေ့တိုင်းမှာ နှလုံးနဲ့သွေးကြောရောဂါများဖြစ်ပေါ်စေနိုင်တဲ့အကြောင်းတရားတွေကို ရှောင်ကြဉ်ပြီး ကျန်းမာစွာနေထိုင်စားသောက်ခြင်းဖြင့် မိမိနှလုံးကျန်းမာရေးကို မိမိကိုယ်တိုင်ပဲ ကာကွယ်စောင့်ရှောက်ကြပါစို့။

References:

📌 NHS, 2021. National Health Service. [Online]
Available at: https://www.nhs.uk/conditions/cardiovascular-disease/
[Accessed 29 September 2021].

📌 WHF, 2021. World Heart Federation. [Online]
Available at: https://world-heart-federation.org/world-heart-day/about-whd/world-heart-day-2021/
[Accessed 29 September 2021].

📌 WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/news-room/fact-sheets/detail/cardiovascular-diseases-(cvds)
[Accessed 29 September 2021].

• World Heart Day (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့) နှင့် ပက်သက်သော ကျန်းမာရေးဗဟုသုတများကို အဆင့်မြင့် ငါးကြီးဆီ MEGA 3 မှ တင်ဆက်ပေးထားခြင်းဖြစ်ပါတယ်။

• MEGA 3 မှာ Omega 3 Fatty Acid ပါဝင်တဲ့အတွက် လူကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာ ရရှိစေပါတယ်။

• MEGA 3 မှာဆိုရင် ပင်လယ်ရေနက်ထဲမှာ နေထိုင်တဲ့ ငါးကြီးရဲ့ ဝမ်းဗိုက်အဆီမှ ထုတ်လုပ်ထားတဲ့ သန့်စင်ပြီး (Mercury Free) Omega 3 Fatty Acid 1000mg ပါဝင်ပါတယ်။

• MEGA 3 ကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့် နှလုံးနှင့်သွေးကြော ရောဂါများအား ကြိုတင်ကာကွယ်ပါ။

#WorldHeartDay2024

#mega3 #omega3

#zifam #CaringforWellbeing