World Osteoporosis Day

“မျက်ကွယ်မပြုသင့်တဲ့ အရိုးကျန်းမာရေး”

 

✅ အပြည်ပြည်ဆိုင်ရာအရိုးပွကျန်းမာရေးစောင့်ရှောက်မှု အသင်းရဲ့ ထုတ်ပြန်ချက်အရဆိုရင် တစ်နှစ်မှာအရိုးပွ အရိုးကြွပ်ဆပ် ကျိုးကြေခြင်းတွေဟာတစ်ကမ္ဘာလုံးအတိုင်းအတာအရ ၃၇သန်းကျော် ရှိလာနေပြီဖြစ်ပါတယ်။

 

✅ အရိုးပွခြင်းဟာ အရိုးသိပ်သည်းဆနည်းပါးလာခြင်းကြောင့် ဖြစ်ပြီး သတိမထားမိပါက အရိုးကြွပ်ဆပ်ကျိုးကြေခြင်းတွေဟာ ပေါင်ထိပ်ရိုး၊ခါးဆစ်ရိုးတစ်လျှောက်နဲ့ လက်ဖြန်ရိုးတစ်‌လျှောက်မှာဖြစ်ပေါ်လာနိုင်ပါတယ်။

 

✅ ဒါ့အပြင် အရိုးပွခြင်း အရေအတွက်ဟာ အာရှတိုက် နေထိုင်သူများတွင် သိသိသာသာပိုမိုများပြားလာတာကိုတွေ့ရပြီး ဖွံဖြိုးဆဲနိုင်ငံများတွင် ဖွံဖြိုးပြီးနိုင်ငံများထက် ဖြစ်ပွားနှုန်းပိုများပါတယ်။

 

✅ အရိုးပွခြင်းကြောင့် ပေါင်ထိပ်ရိုး အရိုးကြွပ်ဆပ်ကျိုးကြေခြင်း အရေအတွက်ဟာဆိုရင်လည်း ၂၀၅၀ခုနစ် မှာ ၆ဆ အထိ မြင့်တက်လာနိုင်ကြောင်းကို ခန့်မှန်းထားကြောင်း ထုတ်ပြန်ထားပါတယ်။

 

✅ အရိုးပွခြင်းဟာ ဘာရောဂါလက္ခဏာမှ မဖြစ်ဘဲ တဖြည်းဖြည်းချင်း ပိုဆိုးလာပြီး အရိုးကြွပ်ဆပ်ကျိုးကြေတဲ့အထိ ဖြစ်နိုင်ပါတယ်။

 

✅ အရိုးပွခြင်းဟာ အမျိုးသားများတွင် အသက်(၅၀) မှစတင်ဖြစ်ပေါ်နိုင်ပြီး အမျိုးသမီးများတွင်တော့ အသက်(၃၅) လောက်ကတည်းက စတင် ဖြစ်ပေါ်နိုင်ပါတယ်။

 

✅ ဒါကြောင့် အရိုးသိပ်သည်းဆ စစ်ဆေးမှုကို အသက် (၅၀) ကျော်လာပြီဆိုရင် ပုံမှန်စစ်ဆေးသင့်ပါတယ်။

 

✅ ဆေးလိပ် နှင့် အရက်သောက်သုံးခြင်းဟာလည်း အရိုးပွခြင်းကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။

 

ယနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ဟာ ကမ္ဘာ့အရိုးပွရောဂါနေ့ (World Osteoporosis Day) ဖြစ်ပြီး (၂၀၂၄) ခုနှစ် ကမ္ဘာ့အရိုးပွရောဂါနေ့ ရဲ့ဆောင်ပုဒ်ကတော့ “ Say No To Fragile Bones” ဖြစ်ပါတယ်။

 

မြန်မာလို ဆီလျော်အောင်ဘာသာပြန်ရရင် “အရိုးကြွပ်ဆပ် ကျိုးကြေခြင်းများ မဖြစ်ရန်” ဆိုပြီးအဓိပ္ပါယ်ရပါတယ်။

 

✅ အရိုးကျန်းမာရေးအတွက် လုံလောက်သောကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ကယ်ဆီယမ်ဓာတ်ကြွယ်ဝသော အစားအသောက်များ စားသုံးခြင်း အပြင် ကျန်းမာသင့်တင့်သော နေရောင်ခြည်နှင့် ထိတွေ့ခြင်းတို့လည်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

 

ဒီအစီအစဉ်ကို ကယ်ဆီယမ်ဓာတ်အများဆုံးရရှိနိုင်တဲ့ Australia နိုင်ငံထုတ် အရည်အသွေးမြင့် ကယ်ဆီယမ်အားဆေး Ozical မှ (၂၀၂၄) ခုနှစ် ကမ္ဘာ့အရိုးပွရောဂါနေ့ ကျန်းမာရေး ဗဟုသုတအနေဖြင့် ကူညီပံ့ပိုးထားခြင်းဖြစ်ပါတယ်။

 

#WorldOsteoporosisDay2024

#SayNoToFragileBones

#BoneHealth

#OsteoporosisAwareness

#StrongBones

#PreventOsteoporosis

#BonesMatter

#HealthyLiving #buildingbetterbones

References:

1. Gielen, E., Vanderschueren, D., Callewaert, F. and Boonen, S., 2011. Osteoporosis in men. & & , 25(2), pp.321-335.

 

2. Pouresmaeili, F., Kamalidehghan, B., Kamarehei, M. and Goh, Y.M., 2018. A comprehensive overview on osteoporosis and its risk factors. , pp.2029-2049.

 

3. Xiao, P.L., Cui, A.Y., Hsu, C.J., Peng, R., Jiang, N., Xu, X.H., Ma, Y.G., Liu, D. and Lu, H.D., 2022. Global, regional prevalence, and risk factors of osteoporosis according to the World Health Organization diagnostic criteria: a systematic review and meta-analysis. , 33(10), pp.2137-2153.