ကျန်းမာသွက်လက်တဲ့ သားသား၊မီးမီးတို့ဖြစ်စေဖို့ ဘယ်လိုအစားအစာတွေကို ကျွေးရမလဲ . .

 သားသား၊ မီးမီးတို့ကြီးထွားဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ ပရိုတိန်းဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ နွားနို့၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးစတာတွေကို ကျွေးသင့်ပါတယ်။ ဂျုံ၊ ဆန်စတဲ့ သီးနှံများ၊ ငှက်ပျောသီး၊ သရက်သီး၊ လိမ္မော်သီးစတဲ့ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များကို များများကျွေးပါ။

သားသား၊ မီးမီးတို့အများစုဟာ အချိုကြိုက်ကြပါတယ်။ အချိုကြိုက်တဲ့ကလေးတွေမှာ သွားပိုးစားတာအဖြစ်များပါတယ်။

အဲ့ဒီလို အချိုလွန်ကဲစွာ စားသုံးခြင်းကို မေမေတို့အနေနဲ့ လျှော့ချပေးတာကလည်း ကလေးတွေမှာ သွားပိုးစားတာကိုကာကွယ်ပေးနိုင်ပါတယ်။

သရေစာကျွေးတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး အလွယ်တကူဝယ်လို့ရတဲ့ အစားအစာမျိုးတွေကို အိမ်မှာဆောင်ထားပါ။ ပေါင်မုန့်၊ ကိတ်မုန့် စတာတွေအပြင် ပန်းသီး၊ စပျစ်သီး၊ ပြောင်းဖူး၊ ဖရဲသီးစတဲ့ အသီးအနှံများ ကျွေးပါ။

ကျန်းမာပြီး ထူးချွန်ထက်မြက်တဲ့ သားသား၊ မီးမီးတို့ဖြစ်လာစေဖို့အတွက်ဆိုရင် အစားအစားတွေကို အာဟာရဓာတ်စုံစွာရအောင် ကျွေးဖို့လိုအပ်တဲ့အပြင် Vitamin နဲ့ တခြားဖြည့်စွက်အားဆေးတွေကိုလည်း တိုက်ကျွေးနိုင်ပါတယ်။


Related Posts