ကျန်းမာထက်မြက်ရင်သွေးအတွက် ကျန်းမာရေးဟောပြောပွဲ
ကျန်းမာထက်မြက်ရင်သွေးအတွက် ကျန်းမာရေးဟောပြောပွဲ
👨👩👧👦 သားသားမီးမီးလေးတွေ ကျန်းမာပြီးထူးချွန်ထက်မြက်တဲ့လူတော်တွေဖြစ်လာဖို့အတွက် ဖေဖေ၊မေမေတို့ရဲ့ပြုစုစောင့်ရှောက်မှုကလည်းအရေးကြီးလှပါတယ်။
👶 မိမိတို့ရင်သွေး သားသား၊မီးမီးလေးတွေကို အကောင်းဆုံးပြုစုပျိုးထောင်နေကြတဲ့ ဖေဖေ၊မေမေတို့အတွက်ရည်ရွယ်ပြီး Smart Kids မှ ကျန်းမာထက်မြက်ရင်သွေးအတွက် ခေါင်းစဉ်ဖြင့် ကျန်းမာရေးဟောပြောပွဲကို ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် မနက် (၉း၀၀) နာရီမှနေ့လည် (၁၂း၀၀)နာရီအထိ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
👉 အဆိုပါ ကျန်းမာရေးဟောပြောပွဲတွင် ကလေးအထူးကုဆရာဝန်ကြီးများဖြစ်ကြသော ပါမောက္ခစောဝင်းမှ ကလေးကူးစက်ရောဂါနှင့်ကာကွယ်ဆေးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခရဲမြင့်ကျော်မှ ရင်သွေးပြုစုပျိုးထောင်ခြင်းအနုပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ပါမောက္ခကျော်လင်းမှ ကလေးဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြဿနာများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးဟောပြောပွဲတွင် တက်ရောက်လာသူများအတွက် လက်ဆောင်များပေးခြင်း၊ ကံစမ်းမဲအစီအစဉ်အစရှိတဲ့ အစီအစဉ်များလည်းပါဝင်ပါတယ်။
📌 ဒါ့ကြောင့် ဟောပြောပွဲကိုတက်ရောက်မည့်သူများအနေနှင့် Smart Kids Zifam Pageမှာအမည် စာရင်းပေးသွင်းနိုင်ပါတယ်။
ℹ️ဒီအစီအစဉ်ကို Zifam Companyမှတင်သွင်းဖြန့်ချီသော သြစတျေးလျနိုင်ငံထုတ် ကလေးအားဆေးများဖြစ်ကြတဲ့ Vita-Kidနှင့် Mega3 Chewableတို့မှ အဓိကကူညီပံ့ပိုးပေးထားပါတယ်။