📌 ရာသီလာရင် ဘာလို့ခေါင်းကိုက်ရတာလဲ…
🤔 Eposoft Fan တို့အနေနဲ့ ရာသီမလာခင်အချိန် ဒါမှမဟုတ် ရာသီလာနေစဉ်မှာ ခေါင်းကိုက်ခြင်းကို ခံစားနေရပါသလား။
✅ ကျန်တဲ့အချိန်တွေမှာ ကောင်းနေပေမယ့် ရာသီရက်နီးလာရင် ခေါင်းကိုက်ဝေဒနာကိုခံစားနေရပြီဆိုရင်တော့ ရာသီချိန်မှာ သွေးထဲရှိ Progesterone နဲ့ Estrogen ဟော်မုန်းတွေ အပြောင်းအလဲ ဖြစ်ခြင်းကြောင့်ဖြစ်တဲ့ Hormonal Headache (ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သောခေါင်းကိုက်ခြင်း) လို့ခေါ်ပါတယ်။
✅ တစ်ခါတစ်ရံမှာတော့ Menstrual Migraines ရာသီကြောင့်ခေါင်းကိုက်ခြင်းလို့လည်း သတ်မှတ်ကြပါတယ်။
✅ ရာသီကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းတွေဟာ ရာသီမလာခင် နှစ်ရက်၊ သုံးရက်လောက်မှာဖြစ်လေ့ရှိပြီး ရာသီလာနေစဉ်မှာလည်း ကြုံတွေ့ရနိုင်ပါတယ်။ အချို့အမျိုးသမီးတွေဟာ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။
📌 အဓိကဖြစ်စေတဲ့အကြောင်းအရင်းကတော့ ရာသီမလာခင်မှာ Estrogen ဟော်မုန်းအလွန်နည်းသွားခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေ ရာသီမလာခင်မှာခံစားရတဲ့ရောဂါလက္ခဏာတွေထဲမှာ ခေါင်းကိုက်ခြင်းလည်းပါဝင်နေပါတယ်။
💛 Eposoft မှာပါဝင်တဲ့ Evening Primrose Oil ဟာ အမျိုးသမီးဟော်မုန်းများဖြစ်တဲ့ Estrogen နဲ့ Progesterone တို့ကိုညီမျှအောင်ထိန်းညှိပေးခြင်းအားဖြင့် ရာသီကြောင့်ခေါင်းကိုက်ခြင်း အပါအဝင် အမျိုးသမီးတွေ ရာသီမလာခင် နှင့် ရာသီလာနေစဉ် အချိန်မှာခံစားရတဲ့ရောဂါလက္ခဏာတွေကိုပါသက်သာစေနိုင်ပါတယ်။
📌 ဒါပေမယ့် ခေါင်းကိုက်ခြင်းဟာ ရာသီကြောင့်လည်းဖြစ်စေနိုင်သလို အခြားအကြောင်းအရင်းများစွာကြောင့်လည်းဖြစ်စေနိုင်တဲ့အတွက် ခေါင်းကိုက်တာက ပိုမိုဆိုးဝါးလာပြီး မခံမရပ်နိုင်အောင်နာကျင်ကိုက်ခဲတာမျိုးဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့် တိုင်ပင်ကုသသင့်ပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖
References:
📌Alexander, L., 2023. headacheaustralia.org.au. [Online]
Available at: https://headacheaustralia.org.au/…/adults-and-headache/…
[Accessed 26 March 2023].
📌ClevelandClinic, 2023. my.clevelandclinic.org. [Online]
Available at: https://my.clevelandclinic.org/…/8260-menstrual…
[Accessed 26 March 2023].
#သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ #eposoft #headache
#estrogenhormone #progesterone
#Zifam #CaringforWellbeing