အမျိုးသမီးတစ်ယောက် ရာသီမလာခင်အချိန်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားမှုတွေ ခံစားရနိုင်လဲ….
အမျိုးသမီးတစ်ယောက် ရာသီမလာခင် အချိန်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ပက်သက်ပြီး ဒီအချက်တွေကိုခံစားရနိုင်ပါတယ်
📌ခန္ဓာကိုယ်ကြီးတစ်ခုလုံး တင်းကြပ်ဖောင်းကားလာသလို ခံစားရတတ်ပါတယ်။
📌ရင်သားနာတာတွေ၊ တင်းတာတွေ ခံစားရလာသလို အမျိုးသမီးအများစု ခေါင်းကိုက်၊ ဗိုက်အောင့်တာတွေလည်း ဖြစ်ကြပါတယ်။
📌အလိုလိုနေရင်းနဲ့ မောပန်းအားနည်း တာကိုလည်း ခံစားရတတ်ပါတယ်။
📌တချို့သူတွေမှာဆိုရင် ခန္ဓာကိုယ်ရှိအရိုးအဆစ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာတွေကိုလည်း ခံစားရလေ့ ရှိပါတယ်။