အဝလွန်ခြင်းကိုကာကွယ်နိုင်ဖို့ ဘယ်လိုအစားအစာတွေစားသင့်လဲ

📌 ကိုယ်အလေးချိန်ကို ထိန်းမယ်သူတွေဟာ နေ့စဉ် စားသုံးနေတဲ့ အစားအစားတွေ ထဲမှ ကယ်လိုရီများတဲ့ အစားအစာတွေကို လျော့စားဖို့ လိုအပ်ပါတယ်။ ဒါမှ အဝလွန်ခြင်းကို ကောင်းကောင်း ထိန်းထားနိုင်မှာပါ။

👉 ကယ်လိုရီများတဲ့ အစားအစာ၊ အချိုရည်တွေ လျော့ချမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အများက အားကျရတဲ့ သွယ်လျ လှပတဲ့ ကိုယ်ခန္ဓာကို ထိန်းထားနိုင်မှာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast Foods တွေ၊ ကယ်လိုရီပါဝင်မူများတဲ့ အချိုရည်တွေ (Sugary Drinks) တွေကို ရှောင်ကြရမှာပါ။

📌ကိုယ်အလေးချိန်ကို ထိန်းတဲ့အခါ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ Australia နိုင်ငံမှာဆိုရင် အဝလွန်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် အစာအုပ်စု ၅ မျိုးဖြစ်တဲ့ …..

– လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ၊
– အသီးအနှံ၊
– အမျှင်ဓါတ်များစွာ ပါဝင်တဲ့ အစားအစာတွေ၊
– ပရိုဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ နှင့်
– နွားနို့၊ ဒိန်ချဉ်၊ ချိစ့်တွေ စတာတွေကို သင့်တင့်မျှတစွာ စားသုံးဖို့ တိုက်တွန်းထားပါတယ်။

👉 ဒါ့အပြင် ရေကိုလည်း အနည်းဆုံး တစ်နေ့ကို ပုံမှန် ၃ လီတာ လောက်သောက်သုံးသင့်ပါတယ်၊

📌 ပြည့်ဝဆီတွေ၊ ကယ်လိုရီများတဲ့ အချိုရည်၊ Sugary Drinks၊ နှင့် အရက်တွေကိုတော့ ရှောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
📌 လိုအပ်သလောက်သာ တွက်ချက်စားဖို့အတွက် တစ်ချို့စားသောက်ဆိုင်တွေ မှာဆိုရင် အစားအစာတွေမှာ ပါဝင်တဲ့ကယ်လိုရီတွေကို ဖော်ပြထားတာ တွေ့ရပါ တယ်။
📌 ဒါကြောင့် #Weight_watch_Clinic Fb Fans များလည်း အဝလွန်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် အစားအစာတွေကို ရွေးချယ်ပြီး သင့်တင့်မျှတစွာ စားသုံးနိုင်ပါစေ

Ref:loseweightbyeating.com

 

Unicode Version

—————————————————————————







Ref:loseweightbyeating.com


Related Posts