📌 စကားပြောဖွံ့ဖြိုးမှုနှေးတဲ့ကလေးငယ်…
✅ ယေဘုယျအားဖြင့် ကလေးတစ်ယောက်က (၃)နှစ်အထိ စကား (၂) လုံး၊ (၃)လုံးထက် ပိုမပြောဘူးဆိုရင် စကားမပြောဘူးလို့ သတ်မှတ်လို့ရပါတယ်။
👨👩👦 မိဘတွေအနေနဲ့ ပထမဆုံးစဉ်းစားပေးရမှာက ကလေးက နားကြားရဲ့လား၊ နားကောင်းရဲ့လားကို စစ်ဆေးပေးရပါမယ်။ ဘာကြောင့်လဲဆိုရင် ကလေးက နားကြားမှ စကားလုံးတွေကို မှတ်ပြီး စကားပြောတတ်မှာ ဖြစ်ပါတယ်။
✅ နားစစ်ဆေးပေးတော့မယ်ဆိုရင် ကလေးဆရာဝန်တွေ စမ်းသပ်တဲ့ စမ်းသပ်နည်းတွေရှိသလို နားအကြားအာရုံစမ်းသပ်မှုတွေလည်း ရှိနေပါပြီ။
✅ တစ်ခါတလေ နားမကြားတဲ့ ကလေးတွေက အရမ်းပါးတယ်၊ အခြားအာရုံတွေ အရမ်းကောင်းသွားပါတယ်။ ဥပမာ – သူများမျက်နှာကြည့်ပြီး ဘာစကားတွေပြောနေလည်း မှန်းကြပါတယ်။ အခြားအာရုံတွေ ကောင်းသွားတဲ့အတွက်ကြောင့် ကြားတယ်လို့ထင်ရတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးက နားမကြားတာကို သတိမထားမိတတ်ပါဘူး။
✅ နောက်တစ်ခုက ကလေး ဖွံ့ဖြိုးမှု (၄) မျိုးရှိပါတယ်။
(၁) Gross Motor– ပြေးတာ၊ လွှားတာ၊ လှုပ်ရှားတာတွေ
(၂) Fine Motor and Vision – အမြင်နှင့်လက် အသေးစိတ် လှုပ်ရှားမှုလေးတွေ
(၃) Social – ပြင်ပနှင့် ပတ်ဝန်းကျင် ဆက်ဆံတာတွေ
(၄) Hearing and Speech– နားကြားတာနှင့် စကားပြောခြင်းဆိုပြီး ရှိပါတယ်။
👉🏻 ဒါကြောင့် ကလေးရဲ့ ဖွံ့ဖြိုးမှု (၄) မျိုးမှာ အကုန်ချို့ယွင်းတာလား၊ တစ်ခုထဲ ချို့ယွင်းတာလား စတာတွေကို စစ်ဆေးကြည့်ရပါမယ်။
👉🏻 ကလေးက ဉာဏ်ကောင်းပြီး ကျန်တာအကုန်နားလည်တယ်။ စကားပြောတာ တစ်ခုပဲ ခက်ခဲနေတယ်ဆိုရင် နား ကောင်း ၊ မကောင်း သိဖို့လိုအပ်ပါတယ်။ ကလေးတွေက စကားပြောဖို့ မလိုရင်လည်း မပြောကြပါဘူး။ သူလုပ်ချင်တာတွေကို အကုန်လိုက်လုပ်ပေးနေရင်လည်း ကလေးက စကားပြောဖို့ မကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။
✅ အကြောင်းမျိုးစုံရှိတဲ့အတွက်ကြောင့် အခြားဖွံ့ဖြိုးမှုတွေ နောက်ကျနေတာလား၊ ဒီဖွံ့ဖြိုးမှုတစ်ခုထဲ နောက်ကျနေတာလား၊ စကားမပြောတာလား၊ မပီသတာလား၊ ထစ်တာလား စတဲ့အကြောင်းအရင်းကို မိဘတွေအနေနဲ့ ရှာဖွေဖို့ လိုအပ်ပါတယ်။
👉🏻 တစ်ခါတလေ စကားမပီရင်လည်း အာခေါင်ထဲမှာ မြင်ရတဲ့အကွဲမဟုတ်ဘဲ အရေပြားအောက်မှာ အရိုးက ကွဲနေပြီး အပေါ်ကအပြည့်၊ အဲ့လိုမျိုးတွေရှိနေတတ်ပါတယ်။ ဒါတွေကို ဆရာဝန်နဲ့ပြပြီး အကြောင်းအရင်း ရှာဖွေဖို့ လိုအပ်ပါတယ်။
👉🏻 တစ်ခါတလေ ဟော်မုန်းချို့တဲ့နေတဲ့အတွက်ကြောင့် စကားပြောတာ နောက်ကျနေလား စတဲ့ အချက်အလက်မျိုးစုံကို ကလေးဆရာဝန်တွေနဲ့ စစ်ဆေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။
👨👩👦 ဒါကြောင့် မိဘများအနေဖြင့် မိမိကလေးက စကားပြောဖွံ့ဖြိုးမှုနှေးနေတယ်ဆိုရင် သေချာစစ်ဆေးပေးဖို့ ကလေးတိုင်းချစ်တဲ့ Vita-Kid နှင့် မှတ်ဉာဏ်ကောင်းပြီး ထူးချွန်ဖို့ Mega 3 Chewable တို့မှလည်း ထပ်လောင်းမှာချင်ပါတယ်။
✅ မှတ်ချက်။ ။၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၁ ရက်နေ့တွင် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခစောဝင်း ဆွေးနွေးပြောကြားခဲ့တဲ့ (မေးလိုရာမေး ကလေးကျန်းမာရေး) Facebook Live အစီအစဥ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။
#childhealth #healtheducation #healthknowledge
#languagedevelopment #speakingproblem #delaydevelopment
#childcare #childcaretips
#ကလေးတိုင်းချစ်တဲ့ #VitaKid
#မှတ်ဉာဏ်ကောင်းပြီးထူးချွန်ဖို့ #Mega3Chewable
#Zifam #CaringForWellbeing