ကလေးဘဝအစရက်တစ်ထောင်ဆိုတာသည် ကလေးအသက်နှစ်နှစ်အထိပါပါတယ်။ ဘဝအစရက်တစ်ထောင်ကို ရေတွက်ကြည့်မယ်ဆိုရင် –

👶 ကလေးဘဝအစရက်တစ်ထောင်ဆိုတာသည် ကလေးအသက်နှစ်နှစ်အထိပါပါတယ်။ ဘဝအစရက်တစ်ထောင်ကို ရေတွက်ကြည့်မယ်ဆိုရင် –

✅ ကိုယ်ဝန်ဆောင်ချိန်သည် ရက် (၂၇၀)

✅ ကလေးအသက်တစ်နှစ်အထိက (၃၆၅) ရက်၊

✅ နောက်တစ်နှစ်က (၃၆၅) ရက်ပေါင်းလိုက်ရင် ရက်တစ်ထောင်ဖြစ်ပါတယ်။

📌 ဒီရက်တစ်ထောင်အတွင်းမှာ ဖွံဖြိုးပြီးသားဦးနှောက်တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းသည်ဖွဲ့စည်းဖြစ်ပေါ်လာပါတယ်။ ရက်တစ်ထောင်အတွင်းဖြစ်သမျှအကောင်းအဆိုးသည် ဦးနှောက်ရဲ့ ၈၀ ရာခိုင်နှုန်းကိုအထောက်အပံပေးပါတယ်။

👉 အဲ့ဒီရက်တစ်ထောင်အတွင်းမှာ ကလေးရဲ့ဗီဇ၊ မိဘရဲ့ဗီဇ၊ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဒါတွေဟာ ကလေးရဲ့ဦးနှောက်ဖွံဖြိုးမှုကို အများကြီးအထောက်အကူဖြစ်နိုင်သလို အဟန့်အတားဖြစ်နိုင်ပါတယ်။ အဲဒီ အချိန်က ကလေးတစ်ယောက်ရဲ့ဦးနှောက်ဖွံဖြိုးမှုအတွက် အင်မတန်မှ အရေးကြီးတဲ့ကာလဖြစ်ပါတယ်။

✅ ဒီရက်တစ်ထောင်သည် ကလေးရဲ့အနာဂတ်ကိုပုံဖော်ပေးတဲ့ကာလဖြစ်သလို မိဘတွေသားသား၊ မီးမီးတို့ကို အဓိကဂရုစိုက်ရမယ့်ကာလဖြစ်ပါတယ်။

Read Child Health Care Contents on Facebook


Related Posts