Vitamin C မှ ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးများ . .

Vitamin C ဓာတ်က ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာလိုအပ်တဲ့ Vitamin C ဓာတ်ကိုလုံလောက်စွာရှိခြင်းဖြင့် သွားဖုံးသွေးယိုရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးတာကြောင့် အအေးမိ၊တုပ်ကွေး၊ဖျားနာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာတွေနဲ့ ရောဂါပိုးကူစက်ခံရခြင်းတွေမှလည်း လျှော့နည်းစေပါတယ်။

ဒါ့အပြင် Vitamin C ဓာတ်က ခန္ဓာကိုယ်အတွင်းမှာ Collagen တွေကိုထုတ်လုပ်ဖို့ကူညီပေးတာကြောင့် အသားအရည်ကိုတင်းရင်းလှပစေပါတယ်။

 သွေးတိုးရောဂါရှိတဲ့သူတွေမှာလည်း ခန္ဓာကိုယ်မှာလိုအပ်တဲ့ Vitamin C ဓာတ်ကိုဖြည့်တင်းပေးခြင်းဖြင့် သွေးတိုးကိုလျော့ကျစေဖို့အတွက်ကူညီပေးပါတယ်။

ခန္ဓာကိုယ်မှာ ပျက်စီးနေတဲ့တစ်ရှုးတွေကို ပြန်လည်ပြုပြင်ပေးပြီး ဒဏ်ရာအနာတရဖြစ်တဲ့အခါမှာလည်း လျှင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်ဒဏ်ရာအနာတရ ရတဲ့သူတွေနဲ့ခွဲစိတ်မူပြုလုပ်ထားတဲ့လူတွေ ဟာဆိုရင်တော့ Vitamin C ကြွယ်ဝတဲ့အစားအစာများကို ပိုမိုစားသောက်သင့်ပါတယ်…

နေ့စဉ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamin C ဓာတ်ကို အစားအစာတွေကနေ လုံလောက်စွာမရရှိတဲ့သူတွေအတွက်ကတော့ Vitamin C ဖြည့်စွက်ဆေးဝါးများကို သောက်သုံးနိုင်ပါတယ်…


Related Posts