Vitamin C မှ ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးများ . .

 Vitamin C ဓာတ်က ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးတာကြောင့် အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာတွေနဲ့ ရောဂါပိုးကူစက်ခံရခြင်းတွေမှလည်း လျှော့နည်းစေပါတယ်။

ခန္ဓာကိုယ်တွင်း ပျက်စီးနေတဲ့တစ်ရှုး ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး

ဒဏ်ရာအနာတရဖြစ်တဲ့အခါမှာလည်း လျှင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာအနာတရရတဲ့သူတွေနဲ့ခွဲစိတ်မူပြုလုပ်ထားတဲ့လူတွေဟာဆိုရင်တော့ Vitamin C ကြွယ်ဝတဲ့အစားအစာများကို ပိုမိုစားသောက်သင့်ပါတယ်…

 နေ့စဉ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamin C ဓာတ်ကို အစားအစာတွေကနေ လုံလောက်စွာမရရှိတဲ့သူတွေအတွက်ကတော့ Vitamin C ဖြည့်စွက်ဆေးဝါးများကို သောက်သုံးနိုင်ပါတယ် . .


Related Posts