ကူးစက်မြန် ရေကျောက်ရောဂါ
ရကျောက်ရောဂါဆိုသည်မှာ Varicella – Zoster Virus (VZV) ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားသော ကူးစက်မြန်ရောဂါတစ်မျိုး ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
————————–
ရကျောက်ရောဂါသည် ခန္ဓာကိုယ်အနှံယားယံသော အရည် ကြည်ဖုများ မထွက်မီ (၂) ရက်ခန့်အလိုတွင် –
– ဖျားခြင်း၊
– နုံးချည့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊
– ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းတို့ဖြစ်တတ်ပါတယ်။
ရကျောက်ရောဂါ၏ထူးခြားသောလက္ခဏာများ
——————————————————–
ခန္ဓာကိုယ်အနှံယားယံသော အရည်ကြည် အဖုအပိမ့်ထွက် ခြင်းပင်ဖြစ် သည်။ အဆိုပါအဖုအပိမ့်များသည် ရင်ဘက်၊ ကျောကုန်း နှင့် မျက်နှာတို့၌ စတင်ပေါ်ပေါက်ပြီး တစ်ပတ်အတွင်း၌ ခန္ဓာကိုယ် အနှံ့သို့ ပျံနှံ့သွားတတ် ပါသည်။
၎င်းနောက် အနာဖေးကွာကာ အမာရွတ်ထင်ကျန်တတ်ပါသည်။ ကလေးငယ်များ၊ အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ခုခံအား ကျဆင်းနေသူများတွင် ပြင်းထန်နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် အဆုတ်ရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် သွေးဆိပ်တတ်ခြင်း တို့ဖြစ်ပွားတတ်ပါသည်။
ကူးစက်နိုင်သည့်နည်းလမ်းများ
————————————–
ရကျောက်ရောဂါဖြစ်ပွားနေသူ၏ အရည်ကြည်အဖုအပိန့်၊ အသုံး အဆောင်ပစ္စည်းများနှင့် နှာရည်များကို တိုက်ရိုက်ထိတွေ့ကိုင်တွယ်မိခြင်း၊
ရောဂါဖြစ်ပွားနေသူ ချောင်းဆိုးနှာချေခြင်းမှတစ်ဆင့်ကူးစက်ခြင်း
ကာကွယ်နိုင်သည့်နည်းလမ်းများ
—————————————–
တစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးအလေးထားဆောင်ရွက်ရန် လက်ကိုစနစ်တကျ ဆေးကြောရန်၊
ရောဂါဖြစ်ပွားသူအား အနာဖေးကွာကျသည်အထိအိမ်၌ သီးခြားထားရှိ၍ ကူသမှု ခံယူစေရန်။
လူစုလူဝေးသို့သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်။
မိမိတွင်ရေကျောက်ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသ၍ ကုသမှုခံယူပါ။
Credit : ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန, ပြည်သူ့ကျန်းမာရေးဦးစီးဌာန
Photo Credit : https://airfreshener.club/