မိခင်ကနေ ကလေးကိုဘီပိုးမကူးအောင် ဘယ်လိုကာကွယ်ကြမလဲ
😔ဘီပိုးရှိတဲ့ မိခင်ကနေ ကလေးကို မကူးဖို့ နည်းသုံးနည်းနဲ့ တားဆီးရပါမယ်။ 😔ဘီပိုးရှိတဲ့ မိခင်ကို ကိုယ်ဝန် ၃၂ပတ်ရောက်ရင် တင်နိုဖိုဗီယာ(Tenofovir) ဘီပိုးသေဆေး တစ်နေ့တစ်လုံး နံနက်စောစောမှာ အစာနဲ့ဝေးပြီး တိုက်ရပါမယ်။.
ပြီးတော့ အဲ့ဒီဘီပိုးသေဆေးကို အနည်းဆုံး ကလေး အသက် တစ်နှစ်ပြည့်တဲ့အထိ တိုက်ရပါမယ်။ 💥နောက်ကာကွယ်ရေးနည်းတစ်နည်းကတော့ မွေးလာတဲ့ကလေးကို ၂၄နာရီအတွင်းမှာဘီပိုးကာကွယ်ဆေးထိုးရပါမယ်။ 💥နောက်ပြီးတော့ ဘီပိုးသေဆေး Hepatitis B Immune Globulin (HBIG)ကိုလည်း ထိုးပေးရပါမယ်။ တစ်လုံးထိုးယုံနဲ့ လုံလောက်ပါတယ်။
💥HBIG ဆေးထိုးလိုက်ပြီး ၁၅ မိနစ်အတွင်းမှာ ကိုယ်ခံအား အင်တီဘော်ဒီ Antibody ဟာသွေးထဲကို ရောက်သွားမှာပါ။ 💥ဘီပိုးကာကွယ်ဆေးကတော့ ဆေးထိုးပြီး တစ်လလောက်ကြာမှ ကိုယ်ခံအား အင်တီဘော်ဒီ ပေါ်ပါတယ်။ အဲဒီတော့ မွေးပြီးပြီးချင်း ကလေးကို ဘီပိုးမကူးစက်အောင် ကာကွယ်မပေးနိုင်ပါဘူး။
👍ဒါကြောင့် ဘီပိုးကာကွယ်ဆေးကို ကိုယ်ခံအား ချက်ချင်းရစေနိုင်တဲ့ HBIG နဲ့ တွဲပြီး သုံးရတာပါ။ HBIG ကနေ ချက်ချင်းတက်စေတဲ့ ကိုယ်ခံအားဟာ တစ်လလောက်ကြာရင် ကုန်သွားပါတယ်။ အဲဒီအခါမှာဘီပိုးကာကွယ်ဆေး ထိုးလို့ တက်လာတဲ့ ကိုယ်ခံအားက ဆက်လက်တာဝန်ယူစောင့်ရှောက် ကာကွယ်သွားမှာပါ။ ပြန်ပြီး ခြုံပြောရမယ်ဆိုရင် မိခင်ကနေ ကလေးကို ဘီပိုးမကူးအောင် 😍မိခင်ကို ကိုယ်ဝန်၃၂ပတ်မှာ ဘီပိုးသေဆေး တင်နိုင်ဖိုဗီယာ တိုက် 😍ကလေးကို မွေးပြီး ၂၄ နာရီအတွင်းမှာ ဘီပိုးကာကွယ်ဆေးထိုး၊ ဘီပိုးသေဆေး HBIG ထိုးပေးပါ။
👍ဒီလို နည်းသုံးနည်းနဲ့ ကာကွယ်မယ်ဆိုရင် ဘီပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးကို ဘီပိုးမကူးစက်အောင် ၉၀ ရာခိုင်နှုန်းလောက် ကာကွယ်ပြီးသား ဖြစ်ပါတယ်။ မှတ်ချက်။ ။ဆရာကြီးပါမောက္ခခင်မောင်ဝင်း (အသည်း) ရဲ့ အသည်းရောင်အသားဝါဘီရောဂါ ကုလို့ရပါပြီနှင့် အသည်းရောင်အသားဝါ စီပိုးလုံးဝပျောက်အောင်ကုလို့ရပါပြီ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
Presented by #Live_up အသည်းအားဆေး
www.zifammyanmar.com