မိမိရင်သွေးကလေးငယ်တွေကို ဘာကြောင့်စကားများများပြောပေးဖို့လိုတာလဲ။
ကလေးငယ်တွေ မွေးကထဲက အသံလေးတွေကို လုပ်တတ်ကြပါတယ်။ မိမိပတ်ဝန်းကျင်ကကြားရတဲ့အသံတွေကို နားထောင်သင်ယူကြပါတယ်။
ဒါ့ကြောင့်မို့လို့မိဘတွေအနေနဲ့ မိမိရင်သွေးကလေးအနားမှာ၊ ကလေးကိုစကားများများပြောပေးဖို့လိုပါတယ်။
ဒါမှသာကလေးအသက် ၂ နှစ်ခွဲ၊ ၃ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ စကားကောင်းကောင်းပြောတတ်မှဖြစ်ပါတယ်။
ကလေးကို သူ့အရွယ်နဲ့သူကြီးလာတာနဲ့အမျှ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကိုအမြဲတမ်းပြောပေးနေဖို့လိုပါတယ်။
ရန်ကုန်အဝေးသင်တက္ကသိုလ် စိတ်ပညာဌာန အငြိမ်းစားဆရာမကြီး ဒေါ်သက်ထားဝင်း (တွဲဖက်ပါမောက္ခ) မှ ပညာပေးပြောကြားထားတဲ့ ” မိဘများ သားသမီးတွေကို ဘာကြောင့် စကားပြောပေးဖို့ လိုတာလဲ” Video မှကောက်နုတ်ဖော်ပြလိုက်ပါတယ်။