အစ္စလာမ်ဘာသာဝင် ဆီးချိုဝေဒနာရှင်အတွက် RAMADAN ဥပုသ်လတွင်လိုက်နာဆောင်ရွက်ရမည့်ကျန်းမာအသိပညာများ…
📣အစ္စလာမ်ဘာသာဝင် ဆီးချိုဝေဒနာရှင်အတွက် RAMADAN ဥပုသ်လတွင်လိုက်နာဆောင်ရွက်ရမည့်ကျန်းမာအသိပညာများ…
📌RAMADAN ဥပုသ်လတွင် ဥပုသ်စောင့်ကြသည့် မွတ်စလင်ဘာသာဝင်များသည် အစားအသောက်ပုံစံ၊ စားသုံးသည့်အချိန်၊ အိပ်ချိန်၊ အိပ်ယာထချိန် စသည်တို့ ရုတ်တရက်ပြောင်းလဲမှုများကြောင့် ဇီဝကမ္မဆိုင်ရာပြောင်းလဲမှု ဟော်မုန်းများ ပြောင်းလဲမှုများကြောင့် ဆီးချိုဝေဒနာသည်များတွင် အောက်ပါကျန်းမာရေးအန္တရာယ်များ ဖြစ်လာနိုင်ပါသည်။
📌ဥပုသ်စောင့်သုံးသော ဆီးချိုဝေဒနာသည်များတွင် ဖြစ်ပွားနိုင်ချေရှိသော ရောဂါအန္တရာယ်များ-
📌သွေးချိုအလွန်အမင်းတက်ခြင်း(Hyperglycaemia)
📌သွေးချိုဓာတ်အလွန်အမင်းကျခြင်း(Hypoglycaemia)
📌သွေးချိုဆိပ်တက်ခြင်း(Diabetes ketoacidosis) (အမျိုးအစား(၁)ဆီးချိုသမားများတွင်အဖြစ်များသည်။)
📌ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration)
📌သွေးကြောပိတ်ခြင်း (Thrombosis)
👉ထို့အပြင် Ramadan ဥပုသ်စောင့်လိုသူများအား အောက်ပါအချက်များကိုဂရုပြုသင့်ပါသည်။
📌လူနာအနေဖြင့် ဥပုသ်စောင့်နေစဉ်အတွင်း တစ်နေ့သုံးကြိမ် ထက်ပိုကာ သွေးချိုဖောက်ကြည့်စစ်ဆေးသင့်သည်။
📌ဥပုသ်စောင့်နေစဉ်အတွင်း အင်ဆူလင်ထိုးဆေးထိုးနိုင်ပါသည်။
📌သွေးချိုထိန်းသောက်ဆေးများသောက်နေပါက သွေးချိုအတက်အကျကို တင်းကြပ်စွာစောင့်ကြည့်ရမည်။
📌ဥပုသ်စောင့်လူနာများ ရေအများကြီးသောက်ရန် လိုအပ်သည်။
📌ဥပုသ်ထွက်ချိန်တွင် ရေများများ သောက်ကာဝါထွက်ချိန်အစာအာဟာ ရကို အစာကြေစေရန် နောက်ကျမှ စားသင့်သည်။
📌လူနာအားလုံးပုံမှန်လှုပ်ရှားမှုပြုရန်နှင့် အိပ်ရေးဝဝအိပ်ရန်လိုသည်။
📌သွေးချိုအလွန်အမင်းကျခြင်း၊ တက်ခြင်းများဖြစ်ပွားလာပါက ဥပုသ် စောင့်ခြင်းချက်ခြင်း ရပ်တန့်သင့်သည်။
📌ဥပုသ်စောင့်ကာလအတွင်း မှီဝဲရမည့်အစာအာဟာရ
စုစုပေါင်းအင်အားဓာတ် ကယ်လိုရီစားသုံးမှု၏-
– ၃ဝ – ၄ဝ% ကို ဥပုသ်ထွက်ချိန်
– ၄ဝ – ၅ဝ% ကို ဥပုသ်မဝင်မီအချိန်နှင့်
– ကြားချိန်တွင် သရေစာများကို ၁ဝ – ၂ဝ% ခွဲခြမ်းစားသောက်သင့်ပါသည်။
📌မျှတသောအစာကိုမှီဝဲပါ။ စုပေါင်းကယ်လိုရီစားသုံးမှု၏
– ၄ဝ – ၅ဝ% ကို ကစီဓာတ်
– ၂ဝ – ၃ဝ% ကိုအသားဓာတ်
– <၃၅% ကို အဆီဓာတ် (အထူးသဖြင့် မပြည့်ဝဆီ) ပါဝင်သောအစားအစာများကို စားသောက်ပါ။
📌စွမ်းအင်ဓာတ်ဖြည်းညင်းစွာထွက်သည့် ကစီဓာတ်ညွှန်းကိန်းနည်းသော အမျှင်ဓာတ်များသော အစားအစာများကို ဥပုသ်မဝင်မီနှင့် ဥပုသ်ထွက်ချိန်တွင် စားသောက်ရန်။ဥပမာ – ဆန်၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်ကြမ်း စသည် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အရွက်သုတ်များပါဝင်ရမည်။
📌ထောပတ်၊ ဆီကြော်မုန့်များစသည့် ပြည့်ဝဆီပါဝင်မှုများသော အစားအစာများကို လျှော့စားပါ။
📌သကြား၊ ကြံသကာဖြင့် စီမံထားသောမုန့်များဖြင့် အချိုတည်းခြင်း ရှောင်ကြဉ်ရမည်။
📌ချက်ပြုတ်သည့်အခါ ဆီအနည်းငယ်သာ သုံးပါ။
📌မိုးမလင်းမီနှင့် နေဝင်ပြီးသည့်အချိန်အတွင်း ရေဓာတ်ခန်းခြောက်စေရန်၊ ရေများများသောက်ပါ။
📌ကော်ဖီ၊ အချိုရည်များရှောင်ကြဉ်ပါ။
👉Ramadan ဥပုသ်စောင့်သည့်အခါ ပြောင်းလဲသောက်သုံးရမည့်ဆေးညွှန်း
📌Metformin (မက်ဖော်မင်) – တစ်နေ့တစ်ကြိမ် (ဥပုသ်ဖြေသည့်အချိန်၌သောက်ရန်)
📌Metformin (မက်ဖော်မင်) – တစ်နေ့နှစ်ကြိမ် (ဥပုသ်ဖြေသည့်အချိန်နှင့် ဥပုသ်မဝင်မှီ သောက်ရန်)
📌Metformin (မက်ဖော်မင်) – တစ်နေ့သုံးကြိမ် (တစ်နေ့တာ စုစုပေါင်းဆေးပမာဏ သုံးပုံနှစ်ပုံကို ဥပုသ်ဖြေသည့်အချိန်နှင့် ကျန်သုံးပုံတစ်ပုံကို ဥပုသ်မဝင်မီသောက်ရန်)…
အထက်ပါအကြောင်းအရာများနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ လင်ခ့်မှာအသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။👇👇
https://www.facebook.com/…/pcb.315019789…/3150195561690816/…
မှတ်ချက်။ ။ Department of Diabetes and Endocrinology, UM 2 Facebook Page တွင်တင်ထားသော “အစ္စလာမ်ဘာသာဝင် ဆီးချိုသွေးချိုရှိသူများအတွက် RAMADAN ဥပုသ်လတွင် လိုက်နာကျင့်သုံးရမည့် လက်စွဲလမ်းညွှန်” ပိုစ့်မှ ကောက်နုတ်ဖော်ပြထားပါသည်။
#Ramadan
#NaturallyBetterသဘာဝဆီးချိုသကြား
#Zifam #CaringforWellbeing