Covid ကာကွယ်ဆေး Booster ထိုးဖို့လို/မလို

🤔Covid ကာကွယ်ဆေး Booster ထိုးဖို့လို/မလို

📌Covid ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးပြီးသူတွေမှာ Booster ထပ်ထိုးဖို့အတွက်လိုမလိုဆိုတာကို နိုင်ငံတော်တော်များများမှာစဉ်းစားနေကြပါတယ်။ ထိုးတဲ့ကာကွယ်ဆေးအမျိုးအစားများ အပေါ်မှာလည်းမူတည်တဲ့အတွက် ဘယ်နိုင်ငံရဲ့ Guideline ကို အတည်ပြုကျင့်သုံးသင့်လဲဆိုတာလည်း ဒွိဟဖြစ်နေဆဲပါ။

📌ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ လက်ရှိအချိန်အထိ ကာကွယ်ဆေးအမျိုးအစားပေါ်မူတည်ပြီး အပြည့်ထိုးထားရင် လုံလောက်မှုရှိတယ်လို့ဆိုထားပါတယ်။ Booster ထပ်ထိုးဖို့လို/မလိုကို ဖော်ပြထားခြင်းမရှိသေးပါ။

👉အမေရိကန်နိုင်ငံမှာလည်း Centers of Disease Control and Prevention (CDC) အဖွဲ့နှင့် FDA တို့မှပူးပေါင်းထုတ်ပြန်ချက် (July 8, 2021)အရ ယခုလက်ရှိအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးထားတဲ့ အမေရိကန်နိုင်ငံသားများအနေနဲ့ တတိယအကြိမ် Booster ထပ်ထိုးဖို့အတွက်မလိုအပ်သေးဘူးလို့ဖော်ပြထားပါတယ်။ ဒါပေမယ့် FDA၊ CDC နှင့် NIH တို့မှသုတေသနများဆက်လက်လုပ်ဆောင်နေပြီး တတိယအကြိမ် Booster ထိုးဖို့လိုအပ်မယ်ဆိုရင်လည်းကြိုတင်ပြင်ဆင်ထားကြောင်းဖော်ပြထားပါတယ်။

👉အင်္ဂလန်နိုင်ငံထုတ် BMJ ဆေးပညာဂျာနယ် (June 29, 2021) အရ Oxford AstraZeneca ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ပထမအကြိမ် နှင့် ဒုတိယအကြိမ်ကို ၁၀ လခြားပြီးထိုးထားသူများနှင့် တတိယအကြိမ် Booster ထိုးထားသူတွေမှာ ကိုယ်ခံအားကိုပိုမိုမြှင့်တင်ပေးနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။ အဆိုပါ သုတေသနစာတမ်းအရ တတိယအကြိမ် Booster ထိုးပြီး ၂၈ ရက်အကြာမှာထွက်တဲ့ Antibody ပမာဏ ဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက်အကြာမှထွက်တဲ့ Antibody ပမာဏထက်သိသိသာသာပိုများတယ်လို့လည်းဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း Booster ထပ်ထိုးဖို့အတွက်လိုအပ်မှုရှိ/မရှိကို သုတေသနများစွာလိုအပ်နေပြီး ယနေ့အချိန်အထိတော့ မလိုအပ်သေးကြောင်း The Oxford Vaccine Group ၏ဒါရိုက်တာ Andrew Pollard ကပြောကြားထားပါတယ်။

📌အချုပ်အားဖြင့်ပြောရရင် တိကျခိုင်မာတဲ့ Booster ထိုးဖို့လို/မလို သုတေသနစာတမ်းများဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ယခုလက်ရှိအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားလျှင် လုံလောက်တယ်လို့ယူဆနိုင်ပါတယ်။ မိမိအနေနဲ့ Booster ထိုးဖို့ဆန္ဒရှိနေရင်လည်း တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှထိုးသင့်ပါတယ်။

📌မှတ်ချက်။ ။ယခုဖော်ပြထားချက်များသည် (Aug 12, 2021) အချိန်အထိလေ့လာတွေရှိချက်များကိုအခြေခံထားခြင်းဖြစ်သည့်အတွက် အချိန်အခါအားလျော်စွာပြောင်းလဲမှုများရှိနိုင်ပါသည်။

References
Mahase, E., 2021. Covid-19: Third vaccine dose boosts immune response but may not be needed, say researchers. [Online]
Available at: https://www.bmj.com/content/373/bmj.n1659
[Accessed 12 Aug 2021].
HHS, 2021. hhs.gov. [Online]
Available at: https://www.hhs.gov/…/joint-cdc-and-fda-statement…
[Accessed 12 Aug 2021].
WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/…/vaccine-efficacy-effectiveness…
[Accessed 12 Aug 2021].

#booster #vaccine
#covid #washinghands
#staysafe #stayhome #wearingmasks
#zifam #CaringforWellbeing