Covid-19နှင့် Busကားမစီးခင်ကြိုသိထားဖို့🛡

ယခုဆိုရင် COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဟုကြေညာထားပြီးဖြစ်တဲ့အတွက် အရေးကြီးတဲ့အခြေအနေမှာရှိပါတယ်။ ဒါ့ကြောင့် အခုလိုအရေးကြီးတဲ့အခြေအနေမှာ လူစုလူဝေးကိုရှောင်ရှားကြဖို့တိုက်တွန်းထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဘတ်စ်ကားစီးနေကြရသောမိဘပြည်သူများအတွက် ဆောင်ရန်ရှောင်ရန် အချက်များကိုဖော်ပြပေးလိုက်ပါတယ်။

– ဘတ်စ်ကားမစီးခင် ကြိုတင်ကာကွယ်မှုအနေနှင့် Alcohol 70 ရာခိုင်နှုန်းခန့်ပါဝင်သော Hand Sanitizer ဆောင်ထားပါ။
– ဘတ်စ်ကားမှတ်တိုင်တွင် လူထူထပ်နေပါက ခပ်လှမ်းလှမ်းမှကားစောင့်ပါ။
– ကားပေါ်မှာချောင်းဆိုးတဲ့အခါမှာ တံတောင်ဆစ် (သို့) တစ်ရှုးဖြင့်အုပ်ပြီး ချောင်းဆိုးပါ။
– နှာချေ၊ ချောင်းဆိုး၊ ဖျားနာ နေသောသူများကိုရှောင်ကြဉ်ပါ။
– ဘတ်စ်ကား လက်တန်းများကိုကိုင်တွယ်ပြီးလျှင် မိမိ၏ မျက်လုံး၊ နှာခေါင်း နှင့် ပါးစပ်များကိုမကိုင်တွယ်ပါနှင့်။
– ကားပေါ်တွင် လူအရမ်းမများလျှင် တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေခန့်ခွာနေပါ။
– Maskရှိလျှင် Maskတပ်ပါ။
– ကားပေါ်မှဆင်းပြီးလျှင် Alcohol 70 ရာခိုင်နှုန်းခန့်ပါဝင်သော Hand Sanitizer ဖြင့်လည်းကောင်း၊ ဆပ်ပြာနှင့်ရေဖြင့်လည်းကောင်း လက်ကိုစနစ်တကျဆေးပါ။ Hand Sanitizer မရှိလျှင် လိုရမယ်ရ Wet Tissue ဆောင်ထားပါ။

မှတ်ချက်: : World Health Organization(WHO)ရဲ့ထုတ်ပြန်ချက်များထဲမှ ကောက်နုတ်ဖော်ပြထားပါသည်။