COVID 19 ကူးစက်မှုဟာ အောက်ဖော်ပြပါအခြေအနေရှိတဲ့သူတွေမှာပိုမိုဖြစ်ပွားနိုင်သလို ရောဂါလက္ခဏာတွေလည်းပိုမိုဆိုးဝါးတတ်ပါတယ်။
-နှလုံးသွေးကြောရောဂါရှိသူများ (သွေးတိုး/လေဖြတ်/နှလုံးရောဂါ)
– နာတာရှည်အသက်ရှုလမ်းကြောင်းရောဂါရှိသူများ
-ဆီးချိုသွေးချိုရောဂါရှိသူများ
– ကင်ဆာရောဂါရှိသူများ
အထက်ပါရောဂါရှိသူများအနေနဲ့
– သွေးတွင်းအချိုဓာတ်ပုံမှန်တိုင်းတာခြင်း (ဆီချိုသွေးချိုရှိသူများ)
– သွေးပေါင်ပုံမှန်တိုင်းတာခြင်း (ဆီးချိုသွေးချို/သွေးတိုးရှိသူများ)
– ဆေးဝါးများပုံမှန်သောက်ခြင်း၊ ကျန်းမာရေးဗဟုသုတများအစဉ်တစိုက်စောင့်ကြည့်ခြင်း
– အနည်းဆုံးတစ်လစာ ဆေးဝါးများစုဆောင်းထားခြင်း
– ဖျားနာနေသောသူများကိုရှောင်ရှားခြင်း
– အိမ်တွင်းလေဝင်လေထွက်ကောင်းအောင်စီမံခြင်း
– လက်သန့်ရှင်းရေးစနစ်တကျပြုလုပ်ခြင်း (ဆပ်ပြာ (သို့) အရက်ပြန်ပါဝင်သောလက်ဆေးရည်ဖြင့်)
– ဆေးလိပ်/အရက် သောက်သုံးခြင်းမှုရှောင်ကြဉ်ခြင်း
– ကျန်းမာရေးနှင့်ညီညွတ်အောင်စားသောက်နေထိုင်ခြင်း
– သင့်တော်သောလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
– စိတ်ချမ်းသာအောင်နေထိုင်ခြင်း
တို့ကိုလိုက်နာသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှတိုက်တွန်းထားပါတယ်။
ဒါ့ကြောင့် Zifam Myanmar မှလည်း ဆီးချိုသွေးချိုရှိသူများ၊နှလုံးသွေးကြောရောဂါရှိသူများ (သွေးတိုး/လေဖြတ်/နှလုံးရောဂါ)၊ နာတာရှည်အသက်ရှုလမ်းကြောင်းရောဂါရှိသူများ၊ ကင်ဆာရောဂါရှိသူများကို အထက်ပါအချက်များကိုလိုက်နာရန်နှင့် လူစုလူဝေးကိုရှောင်ရှားပြီး တတ်နိုင်သမျှအိမ်မှာနေထိုင်ဖို့ထပ်ဆောင်းအကြံပြုပါရစေ