COVID 19 ကူးစက်မှုကိုအမြန်ဆုံးလျှော့ချနိုင်ရန် မိမိနေအိမ်တွင်သာနေထိုင်ကြပါ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုန်ပြန်ထားသောညွှန်ကြားချက်များကိုလိုက်နာပြီး မိမိအိမ်မှာနေထိုင်ခြင်းဖြင့်
🙂 မိမိချစ်တဲ့မိမိကိုယ်ကို ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်ရာရောက်ပါတယ်..
👩👩👦 မိမိချစ်တဲ့ မိသားစု၊ ဆွေးမျိုး၊ ပတ်ဝန်းကျင်နဲ့ မိတ်ဆွေအပေါင်းအသင်းများကိုလည်းကူညီရာရောက်ပါတယ်..
🏙 မိမိနေထိုင်တဲ့ ရပ်ကွက်၊ကျေးရွာ၊ မြို့နယ် နဲ့ မြို့များကိုကူညီရာရောက်ပါတယ်..
👉 မိမိချစ်တဲ့နိုင်ငံ နဲ့လူမျိုးများအားလုံးကိုကူညီရာရောက်ပါတယ်..
👨⚕️ ရှေ့တန်းမှစွမ်းစွမ်းတမံ ကာကွယ်တိုက်ခိုက်ပေးနေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် 🙋♂️စေတနာ့ဝန်ထမ်းများကို အားပေးကူညီရာရောက်ပါတယ်..
💸 နိုင်ငံတော်၏ကဏ္ဍအသီးသီးမှ မလိုအပ်ပဲကုန်ကျနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များနှင့် ငွေကြေးကုန်ကျမှုများကိုကူညီလျှော့ချပေးရာရောက်ပါတယ်..
🗺 COVID 19 ရောဂါမြင့်မားစွာကူးစက်ပျံ့နှံ့မှု ကိုထိန်းချုပ်နိုင်ပြီး ကမ္ဘာကြီးပေါ်မှ COVID 19 ရောဂါကို ကူညီတိုက်ထုတ်ပေးရာရောက်ပါတယ်..
ဒါ့ကြောင့် မဖြစ်မနေအရေးကြီးကိစ္စမှလွဲ၍အိမ်အပြင်ထွက်ခြင်းကိုရှောင်ကြဉ်ပြီး မိမိအိမ်မှာပဲနေထိုင်ခြင်းဖြင့်ကူညီဖို့ Zifam Myanmar မှတိုက်တွန်းနှိုးဆော်အပ်ပါတယ်။
Zifam
CaringforWellbeing