Covid Antibody အကြောင်းသိထားသင့်သည်များ

📌Covid Antibody အကြောင်းသိထားသင့်သည်များ

🆎Covid Antibody ဆိုတာက Covid ကူးစက်ခံရတဲ့နောက်မှာ ခန္ဓာကိုယ်မှာရှိတဲ့ခုခံအားက 🦠Covid 19 ရောဂါပိုးကိုတိုက်ထုတ်ဖို့အတွက် ထုတ်ပေးလိုက်တဲ့ Molecules တွေကိုဆိုလိုပါတယ်။ ဒါ့ကြောင့် လတ်တလောရောဂါပိုးရှိ မရှိစစ်ဆေးတဲ့နေရာမှာသုံးလို့မရပဲ ရောဂါကူးစက်ဖူးခြင်းရှိ မရှိကိုပဲ ဖော်ပြပေးနိုင်ပါတယ်။

🇺🇸အမေရိကန်နိုင်ငံ Centers of Disease Control and Prevention (CDC) ကတော့ Covid ရောဂါပိုးဝင်ရောက်ပြီး ၁ ပတ်မှ ၃ ပတ်အကြာမှာ Antibody ထွက်တယ်လို့ဖော်ပြထားပါတယ်။ ဒါ့ကြောင့် Covid ရောဂါလက္ခဏာများပေါ်ပေါက်ပြီး (သို့) Covid Ag Test Positive ဖြစ်ပြီး ၁ပတ် မှ ၃ ပတ်အကြာမှပဲ Antibody Test ကိုစစ်သင့်ပါတယ်။ လေ့လာစမ်းသပ်မှုတွေအရတော့ Antibody ထွက်ပြီး ခြောက်လခန့် ထိနောက်တစ်ခါအလားတူရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်မှုအထိုက်အလျောက်ရှိကြောင်းဖော်ပြထားပါတယ်။ ၁၀၀ ရာခိုင်နှုန်း ခြောက်လအတွင်းကာကွယ်နိုင်မယ်လို့မဆိုလိုပါ။

📌Ig G နဲ့ Ig M

👉🏻Ig G ဆိုတဲ့ အဓိပ္ပါယ်ကတော့ Immunoglobulin G ကိုဆိုလိုပါတယ်။ Ig G ဟာ Covid ကူးစက်ခံရပြီး တစ်ပတ်လောက်ကနေအစောဆုံးပေါ်တတ်ပြီး လပေါင်းများစွာ တစ်ခါတစ်ရံ နှစ်ပေါင်းများစွာအထိရှိနေတတ်ပါတယ်။ ဘယ်အချိန်ထိ သွေးထဲမှာရှိနေမလဲဆိုတာ တိတိကျကျတော့မသိရသေးပေမယ့် Ig G positive ဆိုရင်တော့ Covid ရောဂါကူးစက်ခံထားရဖူးပြီး Antibody ထွက်တယ်လို့သတ်မှတ်နိုင်ပါတယ်။

👉🏻Ig M ဆိုတဲ့ အဓိပ္ပါယ်ကတော့ Immunoglobulin M ကိုဆိုလိုပါတယ်။ Ig M ဟာလည်း Ig G လိုပဲ Covid ကူးစက်ခံရပြီး တစ်ပတ်လောက်မှာအစောဆုံးပေါ်တတ်ပါတယ်။ ဒါပေမယ့် Ig M က သိပ်ပြီးအကြာကြီးမခံတတ်ပါဘူး။ နှစ်ပတ်လောက်ကနေ အများဆုံးလပိုင်းလောက်ပဲ သွေးထဲမှာရှိနေတတ်ပါတယ်။ ဒါ့ကြောင့် Ig M Positive ဖြစ်ရင် လတ်တလော ကူးစက်မှုခံထားရတယ်လို့သတ်မှတ်နိုင်ပါတယ်။

📌ဒီနေရာမှာ လူတိုင်းသိထားသင့်တဲ့အချက်က Antibody Test Positive ဆိုရင် Covid 19 ရောဂါကူးစက်ခံရဖူးတယ်လို့အဓိပ္ပါယ်ရပါတယ်။ 💉Vaccine ထိုးထားဖူးသူတွေမှာလည်း Positive ဖြစ်နေနိုင်ပါတယ်။ Antibody ကခန္ဓာကိုယ်ထဲမှာဘယ်လောက်ကြာအောင်ရှိနေမလဲဆိုတာကိုတော့ အတိအကျမသိနိုင်သေးပါဘူး။ Antibody ထွက်တယ်ဆိုရင် Covid 19 ကိုအထိုက်အလျောက်ကာကွယ်နိုင်တယ်ဆိုပေမယ့် အပြည့်အဝကာကွယ်မှုရနိုင်တယ်လို့မဆိုလိုနိုင်ပါ။ ဒါ့ကြောင့် Antibody ထွက်ပြီးသားသူများလည်း ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။

🆎Antibody ထွက်ပြီးနောက်မှာလည်း 😷Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းစတဲ့ Covid 19 ကာကွယ်ရေးလုပ်ငန်းစဉ်များကိုဆက်လက်လိုက်နာရပါမယ်။ False Positive လို့ခေါ်တဲ့ Covid လုံးဝမကူးစက်ခံထားရပေမယ့် Antibody Test မှာ Positive ဖြစ်နေတာမျိုးလည်းဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။

📌Antibody Test Negative ဆိုရင် Covid 19 ရောဂါကူးစက်ခံရဖူးခြင်းမရှိဘူးလို့အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် ယခုအချိန်မှာကူးစက်ခံထားရခြင်းရှိ/မရှိကိုတော့မသိနိုင်ပါ။ Antibody ထွက်ရဲ့သားနဲ့လည်း Test Kit နဲ့စမ်းတဲ့အခါမှာ မပေါ်တဲ့ False Negative လည်းဖြစ်နိုင်ပါသေးတယ်။

💉Covid Vaccine ထိုးထားပြီးတဲ့သူကိုရော Antibody Test Kit နဲ့စစ်ဖို့လိုသလား ❓

Covid Vaccine အပြည့်ထိုးထားတဲ့ သူတွေမှာ Antibody ထွက်မထွက် သိရဖို့အတွက် Antibody Test Kit နဲ့စစ်ဖို့အတွက်မလိုအပ်ပါဘူး။ စစ်ဖို့လည်း Recommend မပေးထားပါဘူး။ ဒါ့ကြောင့်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးထားတဲ့သူတွေမှာ ကာကွယ်မှုရပြီးသားလို့ပဲယူဆနိုင်ပါတယ်။

📌References
CDC, 2021. Centers of Disease Control and Prevention. [Online]
Available at: https://www.cdc.gov/…/antibody-tests-guidelines.html
[Accessed 5 Aug 2021].

CDC, 2021. Centers of Disease Control and Prevention. [Online]
Available at: https://www.cdc.gov/…/testing/serology-overview.html
[Accessed 5 Aug 2021].

#zifam #CaringforWellbeing

#Covid #antibody

#immunoglobulin