Covid အလွန် အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ
Covid ဟာ အစာအိမ်နှင့်အူလမ်းကြောင်းပေါ်မှာ သက်ရောက်မှုရှိမှန်း အရင်တုန်းကသေချာမသိခဲ့ကြပါဘူး။ ဒါပေမယ့် Covid ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှ(အထူးသဖြင့် ဒုတိယလှိုင်းလောက်ကစပြီး) ရောဂါလက္ခဏာပြသူတွေထဲမှာ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေခံစားလာရတာကိုတွေ့ရှိရပါတယ်။ အထူးသဖြင့် ဝမ်းလျှောခြင်းကို အများဆုံးတွေ့ရတတ်ပါတယ်။ ဒါ့အပြင် မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း စတဲ့လက္ခဏာများလည်းတွေ့ရတတ်ပါတယ်။
အမေရိကန်နိုင်ငံမှာ လူပေါင်း ၇၃၀၀၀ ကျော်ကိုလေ့လာထားတဲ့သုတေသနစာတမ်းတစ်ခုအရ Covid ရောဂါသက်သာပျောက်ကင်းသွားတဲ့သူတွေမှာ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါလက္ခဏာတွေဖြစ်တဲ့ အစာစားချင်စိတ်လျော့နည်းခြင်း၊ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အူလမ်းကြောင်းလှုပ်ရှားမှုမမှန်ခြင်း (Irritable Bowel Syndrome) တို့ကိုခံစားနေကြရတာကိုတွေ့ရှိရပါတယ်။ ဒါ့အပြင် Covid ရောဂါသက်သာပျောက်ကင်းသွားတဲ့သူတွေဟာ ဝမ့်ပျော့ဆေးများနှင့် အစာအိမ်အိမ်ဆေးများကိုလည်း ပိုမိုသုံးစွဲလာရတယ်လို့ အဆိုပါသုတေသနစာတမ်းမှာဖော်ပြထားပါတယ်။
ဒါ့ကြောင့် Covid ရောဂါသက်သာပျောက်ကင်းပြီးသူတွေအနေနဲ့
Probiotic နဲ့ Prebiotic ပါဝင်တဲ့အစားအစာများ (ဥပမာ – ဒိန်ချဉ်၊ အသီးအနှံ၊ ဟင်းသီဟင်းရွက်၊ အစေ့အဆံများ စသည်ဖြင့် )
အသားဓာတ်ကြွယ်ဝတဲ့အစားအစာများ (ဥပမာ – နို့နှင့်နို့ထွက်ပစ္စည်းများ၊ သားငါးများ၊ ကြက်ဥ စသည်ဖြင့်)
Omega3 ကြွယ်ဝတဲ့အစားအစာများ (ဥပမာ – ဗာဒံစေ့၊ သစ်ကြားသီး၊ ငါးနှင့်ပင်လယ်စာများ စသည်ဖြင့်) ကိုစားသုံးသင့်ပါတယ်။
ရေကိုတစ်နေ့ ၂ လီတာမှ ၃ လီတာ ခန့်သောက်သုံးသင့်ပါတယ်။
အသင့်စားအစားအစာများစားသုံးခြင်း၊ အစားအသောက်ကို အလွန်မကျွံစားသုံးခြင်းတို့ကိုရှောင်ကြဉ်ပြီး နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ဖို့လည်းအရေးကြီးပါတယ်။
Covid အလွန် အစာအိမ်အူလမ်းကြောင်းရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့လိုအပ်ကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်။
#Zifam #CaringforWellbeing
Ref:
Medscape. 2021. Post-COVID-19 GI Symptoms: Are We in for the Long Haul?. [online] Available at: <https://www.medscape.com/viewarticle/950733> [Accessed 25 August 2021].
Al-Aly, Z., Xie, Y. and Bowe, B., 2021. High-dimensional characterization of post-acute sequelae of COVID-19. Nature, 594(7862), pp.259-264.
The Indian Express. 2021. Digestive issues after COVID-19: Watch out for these symptoms. [online] Available at: <https://indianexpress.com/…/digestive-issues-after…/> [Accessed 25 August 2021].