Menopause & HRT / Menofem Launching

၂၀၁၉ ခုနှစ်၊ မေလ (၃၀) ရက်နေ့၌ မုံရွာပြည်သူ့ဆေးရုံကြီး၊ Thanlar Yadanar Hall ခန်းမတွင် ညနေ (၂း၀၀) နာရီ မှ (၄း၀၀) နာရီအထိ “Menopause & HRT/ Menofem Launching” ပွဲကိုပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲတွင် ကုတင်(၅၀၀)ဆံ့ မုံရွာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မုံရွာပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာထွန်းဝေလင်းမှ “Menopause and Hormone Replacement Therapy” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံကြီသားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဒေါက်တာအေးကိုကိုမှ ပါဝင်ဆွေးနွေးခဲ့ပါတယ်။  အဆိုပါပွဲကို Zifam ကုမ္ပဏီမှ အဓိကကူညီပံ့ပိုးထားပြီး Zifam ကုမ္ပဏီမှ ဒေါက်တာထွန်းတင်မှ Menofem Product အကြောင်းကို ရှင်းပြခဲ့ပါတယ်။