(၁) မလိုရင် အိမ်ပြင် မထွက်နဲ့၊ လူစုလူဝေးရှောင်၊
(၂) မဖြစ်မနေထွက်ရရင် ခပ်ခွာခွာ( ၆ပေ အကွာနေ)၊
(၃)
Face Mask နှာခေါင်းစည်း ပါးစပ်စည်း ကို စံနစ်တကျ တပ် / စွန့် ၊
(၄) လက်ကို တခုခုထိပြီးတိုင်း / အပြင်ကပြန်လာတိုင်း မကြာခဏ စံနစ်တကျ အနဲဆုံး စက္ကန့် (၂၀) ဆပ်ပြာနဲ့ရေနဲ့ဆေး ၊ အပြင်မှာဆို အရက်ပြန် ၆၀-၇၀% ပါ လက်သန့် ဆေးရည် နဲ့စံနစ်တကျဆေး ၊
(၅) ကိုယ် ခံစွမ်းအား ပြည့်အောင် အိပ်ရေးပျက်မခံနဲ့ ၊ အာဟာရပြည့်အောင်စား ၊
(၆) ချောင်းဆိုး. နှာချေရင် လက်ကိုင်ပုဝါ / တစ်သျှူးစက္ကူ / လက်မောင်း ခံပြီး ဆိုး/ချေ စတဲ့ ကာကွယ်ရေးကျင့်စဉ်တွေဘဲဖြစ်ပါတယ်။
အဲဒီနောက်မှာလည်း ကိုဗစ်ဗိုင်းရပ်ပိုးရဲ့ မျိုးရိုးဗီဇပြောင်းလဲခြင်းဟာ ကမ္ဘာအနှံ့ ဆက်ဖြစ်နေခဲ့တာပါ။ သိပ္ပံပညာရှင် တွေကလည်း ဒီပြောင်းလဲမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေခဲ့ကြပါတယ်။ ဒီထဲမှာမှ Cog-UK လို့ခေါ်တဲ့ ယူကေနိုင်ငံက Covid-19 Genomic Consortium အဖွဲ့ကြီး၊ ကိုဗစ်ဗိုင်းရပ်ပိုးတွေရဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ သိန်းနဲ့ချီပြီးရှိနေတာကို စူးစမ်းလေ့လာနေတဲ့ အဖွဲ့ကြီး က UK နိုင်ငံ Kent မြို့မှာ Genome အသစ်နဲ့ပိုးကိုစတွေ့ခဲ့ကြပြန်ပါတယ်။ တချိန်ထဲမှာ တခြား နိုင်ငံတွေမှာလည်း တွေ့နိုင် ရှိနိုင်တယ်ဆိုတာကိုကမ္ဘာအနှံ့ သိပ္ပံပညာရှင်တွေ ကတွေ့ခဲ့ကြရာက new strain, B.1.1.7 ကိုလူသိများလာကြပါတယ်။ ယူကေနိုင်ငံက Public Health England က Variant under investigation : VUI – 202012/01 (the first Variant Under Investigation in December 2020) / Variant of Concern 202012/01[1] (VOC-202012/01) ဆိုတဲ့ အမည်မျိုးတွေပေးခဲ့ကြပါတယ်။ အဲဒီ မှာမှ မျိုးရိုးဗီဇ တခုက N501Y လို့ခေါ်ကြတဲ့ amino-acid site 501မှာ asparagine နေရာမှာ tyrosine
ပြောင်းလဲနေတဲ့သဘောပါ။ အဲဒီ မျိုးကွဲ ဗိုင်းရပ်အသစ် B.1.1.7 ဟာ UKတင်မက USA , Japan, Brazil, Africa and Asia နိုင်ငံတွေမှာပါ ၂၀၂၀ အကုန် ၂၀၂၁ နှစ်ဆန်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒီCOVID-19 စဖြစ်ထဲက အခုထိ မပြောင်းလဲတဲ့ အမှန်တရားအဖြစ်ရှိနေခဲ့တာတော့ အပေါ်မှာပြောခဲ့တဲ့ ကာကွယ်ရေးနည်းလမ်းတွေပါဘဲ၊ ဒါကြောင့် အမျိုးတို့ရေ
(၁) မလိုရင် အိမ်ပြင် မထွက်နဲ့၊ လူစုလူဝေးရှောင်၊
(၂) မဖြစ်မနေထွက်ရရင် ခပ်ခွာခွာ( ၆ပေ အကွာနေ)၊
(၃)
Face Mask နှာခေါင်းစည်း ပါးစပ်စည်း ကို စနစ်တကျ တပ် / စွန့်၊
(၄) လက်ကို တခုခုထိပြီးတိုင်း / အပြင်ကပြန်လာတိုင်း မကြာခဏ စနစ်တကျ အနဲဆုံး စက္ကန့် (၂၀) ဆပ်ပြာနဲ့ရေနဲ့ဆေး ၊ အပြင်မှာဆို အရက်ပြန် ၆၀-၇၀% ပါ လက်သန့် ဆေးရည် နဲ့စနစ်တကျဆေး၊
(၅) ကိုယ် ခံစွမ်းအား ပြည့်အောင် အိပ်ရေးပျက်မခံနဲ့ ၊ အာဟာရပြည့်အောင်စား၊
(၆) ချောင်းဆိုး. နှာချေရင် လက်ကိုင်ပုဝါ / တစ်သျှူးစက္ကူ / လက်မောင်း ခံပြီး ဆိုး/ချေ၊
စတဲ့ ကာကွယ်မှုများမမေ့မလျော့လုပ်ကြရင်း မိမိရော မိသားစုနဲ့ ပတ်ဝန်းကျင်ပါ ဒီရောဂါဆိုး မဖြစ်အောင်ကာကွယ်ကြပါအမျိုးတို့ရေ