
Covid-19 မျိုးကွဲအသစ်ဖြစ်တဲ့ Omicron မျိုးကွဲဟာ လတ်တလောတွေ့ရှိချက်များအရ ရောဂါလက္ခဏာ ပြင်းထန်မှုအနေနဲ့ အရင်မျိုးကွဲတွေလောက်မပြင်းထန်ပေမယ့် ဆေးရုံတက်ပြီး ကုသမှုခံယူနေရခြင်း၊ သေဆုံးခြင်း တို့ဖြစ်နေဆဲဆိုတာငြင်းလို့မရပါဘူး။ အသက်ကြီးသူများ၊ ရောဂါအခံရှိသူများ၊ Covid ကာကွယ်ဆေးမထိုးရသေးသူများမှာ ပိုမိုပြင်းထန်နိုင်တဲ့အတွက် အထူးသတိပြုဖို့လိုအပ်ပါတယ်။