ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေသွန်းပွဲတော်

🙏🏻ယနေ့မှာကျရောက်တဲ့ “ကဆုန်လပြည့်နေ့” ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။

“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဟုဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏
🙏🏻ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့၊
🙏🏻ဖွားမြင်တော်မူတဲ့နေ့၊
🙏🏻ဘုရားဖြစ်တော်မူတဲ့နေ့၊
🙏🏻ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့ ထူးကဲတဲ့အဖြစ်တော်များဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အမြတ်ဆုံးနေ့လို့မှတ်ယူကြပါတယ်။

📌ဗုဒ္ဓမြတ်စွာဘုရားရှင်က ဤနေ့ဤအခါမှာ ဗောဓိညောင်ပင်ကိုအမှီပြုပြီး သဗ္ဗညုတရွှေဥာဏ်တော်ကိုရတော်မူဖို့ တရားအားထုတ်တော်မူခဲ့တာကြောင့် ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်အား ရည်မှန်းပူဇော်ခြင်း၊ ရေများခန်းခြောက်ချိန်တွင် ဗောဓိညောင်ပင် မညိုးနွမ်းစေလိုခြင်းဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လမှာ “ညောင်ရေသွန်းပွဲတော်”ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့တာဟာ ယနေ့တိုင်ဖြစ်ပါတယ်။

📌ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူပြည်သားများအနေဖြင့် “ကဆုန်လပြည့် ဗုဒ္ဓနေ့” မှာ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူရာဗောဓိညောင်ပင်ကို ရေကြည်ရေအေးသွန်းလောင်းပူဇော်ခြင်းဖြင့် ရေအကျိုးဆယ်ပါး မတောင်းဘဲနဲ့ပြည့်စုံပြီး အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဥာဏ်ပညာကြီးခြင်းစတဲ့ ကောင်းကျိုးချမ်းသာလိုအင်ဆန္ဒများပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🏻🙏🏻🙏🏻