📌ကနဦးအဆင့်ဆီးချို(Pre Diabetes) Facebook Live အစီအစဉ်…
🤔ကနဦးအဆင့် ဆီးချိုဆိုတာဘာလဲ…
🤔ကနဦးအဆင့် ဆီးချိုဖြစ်ရင် ဘယ်လိုသိနိုင်သလဲ၊ ကာကွယ်လို့ရောရပါသလား၊ နောက်ဆက်တွဲအနေနဲ့ ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ…
👉ကနဦးအဆင့် ဆီးချိုဖြစ်လာရင် ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆီးချိုနှင့်ဟော်မုန်းအထူးကုဆရာဝန်ကြီးများဖြစ်ကြသော ပါမောက္ခဒေါက်တာကိုကို၊ တွဲဖက်ပါမောက္ခဒေါက်တာမောင်မောင်သန့် နှင့် ဒေါက်တာနီနီလှိုင်တို့မှ ဆွေးနွေးပြောကြားမယ့် “ကနဦးအဆင့်ဆီးချို (Pre Diabetes)” Facebook Live အစီအစဉ်ကို စက်တင်ဘာလ ၁၇ရက်(ကြာသပတေးနေ့) နေ့လည်(၁၁)နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါတယ်…
😍Zifam ကုမ္ပဏီမှ ယခုဖြစ်ပေါ်နေသော Covid ကာလအတွင်းမှာ ဆီးချိုသွေးချိုနှင့်ပတ်သက်သည့်ကျန်းမာရေးဗဟုသုတများကို ပြည်သူလူထုများကို အိမ်မှာနေရင်း သိရှိနိုင်ရန်အတွက် ဒီ Live အစီအစဉ်ကို တက်ဆက်ပေးရခြင်းဖြစ်ပါတယ်…
☺️Fan များအနေဖြင့်လည်း Covid ကိုကာကွယ်သောအားဖြင့် အတတ်နိုင်ဆုံးအိမ်မှာဘဲနေထိုင်ခြင်း၊ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်Maskကို သေချာတပ်ခြင်း၊ အပြင်ကပြန်လာသည့်အခါနှင့် အစားမစားမှီတွင် လက်ကိုဆပ်ပြာနှင့် သေချာဆေးကြောခြင်း အစရှိတဲ့ အချက်တွေကိုလည်း လိုက်နာကြဖို့ Zifam ကုမ္ပဏီမှ ကျန်းမာရေးအသိပညာများကိုလည်း နိုးဆော်အပ်ပါတယ်…