
ဆေးလိပ်သောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်းဆိုးရွားစွာထိခိုက်စေပါတယ်။ ဆေးလိပ်မီးကြောင့် မီးဘေးအန္တရာယ်ဖြစ်စေနိုင်သလို စွန့်ပစ်ဖင်စီခံများတွင်ပါဝင်သော Arsenic, Methyl Phenol, Nicotine နှင့်Lead တို့ကြောင့်လည်း မြေဆီလွှာနှင့် ရေထုညစ်ညမ်းမှုများကိုလည်းဖြစ်စေနိုင်ပါတယ်။