ကျန်းမာထက်မြက်ရင်သွေးအတွက် ကျန်းမာရေးဟောပြောပွဲ

သားသားမီးမီးလေးတွေ ကျန်းမာပြီးထူးချွန်ထက်မြက်တဲ့လူတော်တွေဖြစ်လာဖို့အတွက် ဖေဖေ၊မေမေတို့ရဲ့ပြုစုစောင့်ရှောက်မှုကလည်းအရေးကြီးလှပါတယ်။

မိမိတို့ရင်သွေး သားသား၊မီးမီးလေးတွေကို အကောင်းဆုံးပြုစုပျိုးထောင်နေကြတဲ့ ဖေဖေ၊မေမေတို့အတွက်ရည်ရွယ်ပြီး Smart Kids မှ ကျန်းမာထက်မြက်ရင်သွေးအတွက် ခေါင်းစဉ်ဖြင့် ကျန်းမာရေးဟောပြောပွဲကို ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် မနက် (၉း၀၀) နာရီမှနေ့လည် (၁၂း၀၀)နာရီအထိ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါ ကျန်းမာရေးဟောပြောပွဲတွင် ကလေးအထူးကုဆရာဝန်ကြီးများဖြစ်ကြသော ပါမောက္ခစောဝင်းမှ ကလေးကူးစက်ရောဂါနှင့်ကာကွယ်ဆေးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခရဲမြင့်ကျော်မှ ရင်သွေးပြုစုပျိုးထောင်ခြင်းအနုပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ပါမောက္ခကျော်လင်းမှ ကလေးဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြဿနာများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးဟောပြောပွဲတွင် တက်ရောက်လာသူများအတွက် လက်ဆောင်များပေးခြင်း၊ ကံစမ်းမဲအစီအစဉ်အစရှိတဲ့ အစီအစဉ်များလည်းပါဝင်ပါတယ်။

 ဒါ့ကြောင့် ဟောပြောပွဲကိုတက်ရောက်မည့်သူများအနေနှင့် Smart Kids Zifam Page မှာအမည် စာရင်းပေးသွင်းနိုင်ပါတယ်။

ℹ️ဒီအစီအစဉ်ကို Zifam Companyမှတင်သွင်းဖြန့်ချီသော သြစတျေးလျနိုင်ငံထုတ် ကလေးအားဆေးများဖြစ်ကြတဲ့ Vita-Kidနှင့် Mega3 Chewableတို့မှ အဓိကကူညီပံ့ပိုးပေးထားပါတယ်။